●ရန်ကုန်ဘယ်တော့မှသွေးမအေးဟု Dark Shadow မှတာဝန်ရှိသူပြော
မြန်မာ့ နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်းရှိ Night Life Barကို Dark Shadow အဖွဲ့က သတိပေးဖောက်ခွဲခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။
အဆိုပါဆိုင်သည့် စစ်ကောင်စီကို ကျည်ဆန်ဖိုးအခွန်ဆောင်ပြီး တော်လှန်ရေးအင်အားလျော့နည်းအောင် လူငယ်များပျော်ပါး ရန် နေ့ကြီးရက်ကြီးတွင်ပင် ဆိုင်ဖွင့်ပျော်ပါးနေခြင်းကြောင့် ယနေ့ ည ၈နာရီ၁၅မိနစ်တွင် သတိပေးဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“စကစ ဒေါက်တိုင်ပဲ၊ လုံခြုံရေးယူပျော်ပါးနေတာ၊ သူများ Barတွေပိတ်တယ်။အကောင်ကြီးတွေလာကကြတယ်။ နိုင်ငံခြားသားတွေရော။ရှေ့မှာနားက ဘန်ကာရှိတယ်။”ဟု Dar Shadow အဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement
အဆိုပါဆိုင်ကို ထပ်မံဖောက်ခွဲရန် စီစဉ်ထားသော်လည်း အပြစ်မဲ့ပြည်သူများမထိခိုက်စေရန် ရပ်တည့်ခဲ့ရသည်ဟုလည်းဆိုသည်။

“ဒီ Barကဆူညံနေတာပဲ ခါကြီးရက်ကြီးမှာ၊ ဒီနေ့ရန်ကုန်မှာ သွေးအေးနေလို့ သွေးမအေးဘူးဆိုတာ ညဘက်မှာ
ပြလိုက်တာ။သတိ့ပေးရုံလောက်ပဲ ပြည်သူမထိအောင်ကြိုးစားလိုက်တယ်” ဟု Dark Shadow မှတာဝန်ရှိသူကပြောသည်။
“ရန်ကုန်ကဘယ်တော့မှသွေးမအေးဘူး” ဟု ၎င်းကဆက်ပြောသည်။
တော်လှန်နှစ်သစ်တွင် ပြည်သူများလိုချင်တောင်းတနေသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ရောက်ရှိရန် Dark shadow တပ်ဖွဲ့မှ အစွမ်းကုန်တတ်နိုင်သောအင်အားနှင့်အဆုံးထိတော်လှန် သွားပါ့မည်ဟုလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ထို့အပြင် Dark Shadow ၏ အမာခံ အလှူရှင်များကို ကျေးဇူးတင်ပြီး တော်လှန်ရေးအရှိန်မြင့်တင်နိုင်ရန် အကူညီများလိုအပ်နေသည်ဟုလည်းအသိပေးထားသည်။
Dark Shadow အဖွဲ့သည့် ဧပြီ ၁၆ရက် မနက် ၅နာရီခွဲခန့်တွင်လည်း ဗဟန်းမြို့နယ်ရှိ စမ်မှုထမ်းအရာရှိ အိမ်ယာမကိုလည်းဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟုထုတ်ပြန်ထားသည်။


















































