Connect with us

Hi, what are you looking for?

News

ရန်ကုန်၊ ကမ်းနားလမ်းရှိ Night Life Barကို Dark Shadow အဖွဲ့က သတိပေးဖောက်ခွဲ

“စကစ ဒေါက်တိုင်ပဲ၊ လုံခြုံရေးယူပျော်ပါးနေတာ၊ သူများ Barတွေပိတ်တယ်။အကောင်ကြီးတွေလာကကြတယ်။ နိုင်ငံခြားသားတွေ​ရော။ရှေ့မှာနားက ဘန်ကာရှိတယ်။”ဟု Dar Shadow အဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောသည်။

(ကမ်းနားလမ်းရှိ Night Life Barကို ယခင်က​တွေ့ရစဥ်)

ရန်ကုန်ဘယ်​တော့မှ​သွေးမ​အေးဟု Dark Shadow မှတာဝန်ရှိသူ​ပြော

မြန်မာ့ နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်းရှိ Night Life Barကို Dark Shadow အဖွဲ့က သတိပေးဖောက်ခွဲခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါဆိုင်သည့် စစ်ကောင်စီကို ကျည်ဆန်ဖိုးအခွန်ဆောင်ပြီး တော်လှန်ရေးအင်အားလျော့နည်းအောင် လူငယ်များပျော်ပါး ရန် နေ့ကြီးရက်ကြီးတွင်ပင် ဆိုင်ဖွင့်ပျော်ပါးနေခြင်းကြောင့် ယနေ့ ည ၈နာရီ၁၅မိနစ်တွင် သတိပေးဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“စကစ ဒေါက်တိုင်ပဲ၊ လုံခြုံရေးယူပျော်ပါးနေတာ၊ သူများ Barတွေပိတ်တယ်။အကောင်ကြီးတွေလာကကြတယ်။ နိုင်ငံခြားသားတွေ​ရော။ရှေ့မှာနားက ဘန်ကာရှိတယ်။”ဟု Dar Shadow အဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဆိုင်ကို ထပ်မံဖောက်ခွဲရန် စီစဉ်ထားသော်လည်း အပြစ်မဲ့ပြည်သူများမထိခိုက်စေရန် ရပ်တည့်ခဲ့ရသည်ဟုလည်းဆိုသည်။

Public Service Announcement

“ဒီ Barကဆူညံနေတာပဲ ခါကြီးရက်ကြီးမှာ၊ ဒီ​နေ့ရန်ကုန်မှာ ​သွေး​​အေးနေလို့ ​သွေးမ​အေးဘူးဆိုတာ ညဘက်မှာ
ပြလိုက်တာ။သတိ့​ပေးရုံ​လောက်ပဲ ပြည်သူမထိ​အောင်ကြိုးစားလိုက်တယ်” ဟု Dark Shadow မှတာဝန်ရှိသူက​ပြောသည်။

“ရန်ကုန်ကဘယ်​တော့မှ​သွေးမ​အေးဘူး” ဟု ၎င်းကဆက်​ပြောသည်။

တော်လှန်နှစ်သစ်တွင် ပြည်သူများလိုချင်တောင်းတနေသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့​ရောက်ရှိရန် Dark shadow တပ်ဖွဲ့မှ အစွမ်းကုန်တတ်နိုင်​သောအင်အားနှင့်အဆုံးထိတော်လှန် သွားပါ့မည်ဟုလည်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ထို့အပြင် Dark Shadow ၏ အမာခံ အလှူရှင်များကို ကျေးဇူးတင်ပြီး တော်လှန်ရေးအရှိန်မြင့်တင်နိုင်ရန် အကူညီများလိုအပ်နေသည်ဟုလည်းအသိ​ပေးထားသည်။

Dark Shadow အဖွဲ့သည့် ဧပြီ ၁၆ရက် မနက် ၅နာရီခွဲခန့်တွင်လည်း ဗဟန်းမြို့နယ်ရှိ စမ်မှုထမ်းအရာရှိ အိမ်ယာမကိုလည်းဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟုထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။