Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်၊ ကမ်းနားလမ်းရှိ Night Life Barကို Dark Shadow အဖွဲ့က သတိပေးဖောက်ခွဲ

“စကစ ဒေါက်တိုင်ပဲ၊ လုံခြုံရေးယူပျော်ပါးနေတာ၊ သူများ Barတွေပိတ်တယ်။အကောင်ကြီးတွေလာကကြတယ်။ နိုင်ငံခြားသားတွေ​ရော။ရှေ့မှာနားက ဘန်ကာရှိတယ်။”ဟု Dar Shadow အဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောသည်။

(ကမ်းနားလမ်းရှိ Night Life Barကို ယခင်က​တွေ့ရစဥ်)

ရန်ကုန်ဘယ်​တော့မှ​သွေးမ​အေးဟု Dark Shadow မှတာဝန်ရှိသူ​ပြော

မြန်မာ့ နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်းရှိ Night Life Barကို Dark Shadow အဖွဲ့က သတိပေးဖောက်ခွဲခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါဆိုင်သည့် စစ်ကောင်စီကို ကျည်ဆန်ဖိုးအခွန်ဆောင်ပြီး တော်လှန်ရေးအင်အားလျော့နည်းအောင် လူငယ်များပျော်ပါး ရန် နေ့ကြီးရက်ကြီးတွင်ပင် ဆိုင်ဖွင့်ပျော်ပါးနေခြင်းကြောင့် ယနေ့ ည ၈နာရီ၁၅မိနစ်တွင် သတိပေးဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“စကစ ဒေါက်တိုင်ပဲ၊ လုံခြုံရေးယူပျော်ပါးနေတာ၊ သူများ Barတွေပိတ်တယ်။အကောင်ကြီးတွေလာကကြတယ်။ နိုင်ငံခြားသားတွေ​ရော။ရှေ့မှာနားက ဘန်ကာရှိတယ်။”ဟု Dar Shadow အဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဆိုင်ကို ထပ်မံဖောက်ခွဲရန် စီစဉ်ထားသော်လည်း အပြစ်မဲ့ပြည်သူများမထိခိုက်စေရန် ရပ်တည့်ခဲ့ရသည်ဟုလည်းဆိုသည်။

Public Service Announcement

“ဒီ Barကဆူညံနေတာပဲ ခါကြီးရက်ကြီးမှာ၊ ဒီ​နေ့ရန်ကုန်မှာ ​သွေး​​အေးနေလို့ ​သွေးမ​အေးဘူးဆိုတာ ညဘက်မှာ
ပြလိုက်တာ။သတိ့​ပေးရုံ​လောက်ပဲ ပြည်သူမထိ​အောင်ကြိုးစားလိုက်တယ်” ဟု Dark Shadow မှတာဝန်ရှိသူက​ပြောသည်။

“ရန်ကုန်ကဘယ်​တော့မှ​သွေးမ​အေးဘူး” ဟု ၎င်းကဆက်​ပြောသည်။

တော်လှန်နှစ်သစ်တွင် ပြည်သူများလိုချင်တောင်းတနေသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့​ရောက်ရှိရန် Dark shadow တပ်ဖွဲ့မှ အစွမ်းကုန်တတ်နိုင်​သောအင်အားနှင့်အဆုံးထိတော်လှန် သွားပါ့မည်ဟုလည်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ထို့အပြင် Dark Shadow ၏ အမာခံ အလှူရှင်များကို ကျေးဇူးတင်ပြီး တော်လှန်ရေးအရှိန်မြင့်တင်နိုင်ရန် အကူညီများလိုအပ်နေသည်ဟုလည်းအသိ​ပေးထားသည်။

Dark Shadow အဖွဲ့သည့် ဧပြီ ၁၆ရက် မနက် ၅နာရီခွဲခန့်တွင်လည်း ဗဟန်းမြို့နယ်ရှိ စမ်မှုထမ်းအရာရှိ အိမ်ယာမကိုလည်းဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟုထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။