Connect with us

Hi, what are you looking for?

News

YFAကတစ်နှစ်အတွင်စစ်​ကောင်စီပစ်မှတ်၃၆ခုကိုတိုက်ခိုက်

လက်ရှိတွင် နန်းထိုက်အောင် စစ်ဆင်ရေးစတင်ချိန်၌ ပြည်သူများအနေဖြင့် သတိပေးချက်ကို လိုက်နာပေးရန်လည်း YFA က​မေတာတာရပ်ခံထားသည်။

နန်းထိုက်​အောင်စစ်ဆင်​ရေးတွင်ပြည်သူများကသတိ​ပေးချက်များကိုလိုက်နာရန် ​မေတ္တာရပ်ခံ

ရန်ကုန်မြို့ကိုယ်စားပြု ပြောက်ကျားအဖွဲ့အနေဖြင့် တစ်နှစ်အတွင်း စစ်ရေးပစ်မှတ် ၃၆ ခုကိုတိုက် ခိုက်ခဲ့ကာ ရန်သူ ၁၅ ဦး သေဆုံးကာ ၃၅ ဦး ထိခိုက်ဒဏ်ရာရရှိစေခဲ့ကြောင်း Yangon Federal Army က ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဧပြီ ၁၇ ရက်က လွတ်မြောက်နယ် မြေတွင်စတင်တည်ထောင်ခဲ့သည့် Y.F.A သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန် ကြီးဌာန၊ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေး အ ဖွဲ့၏ ဦးဆောင်မှုအောက်တွင်အာဏာရှင်စနစ်အမြစ်ပြတ်​ရေးနှင့် ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံတည်​​ထောင်နိုင်​ရေးအတွက် ရန်ကုန်မြို့ပြ​​ပြောက်ကျားအဖြစ်စစ်ဆင်ရေးများအခက်အခဲများကြားမှ ဆောင်ရွက်ခဲ့သည်ဟုဖွဲ့စည်းခြင်းတစ်နှစ်ပြည့် ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

“စစ်ဆင်ရေးများကို အခက်အခဲပေါင်းများစွာကြားမှ၊ဆုံးရှုံးမှုများကြားမှ၊ အုပ်တစ်ချပ်သဲတစ် ပွင့်အဖြစ် မဟူရာ စစ်ဆင်ရေးနှင့် ပျံလွှားအောင် စစ်ဆင်ရေးများကို ခုခံတွန်းလှန်ခဲ့ပါသည်”ဟုလည်းအသိပေးသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် နန်းထိုက်အောင် စစ်ဆင်ရေးစတင်ချိန်၌ ပြည်သူများအနေဖြင့် သတိပေးချက်ကို လိုက်နာပေးရန်လည်း YFA က​မေတာတာရပ်ခံထားသည်။

ဧပြီလ ၈ ရက်ကစ၍ မင်္ဂလာဒုံ၊ အင်းစိန် ၊ ကမာရွတ်၊လမ်းမတော်၊ ​ကော့မှုး၊ တွံ​တေး၊ သုံးခွ၊ ​ရွှေပြည်သာ ၊သာကေတ နှင့် လှိုင်သာယာတို့တွင် “နန်းထိုက်​အောင်” စစ်ဆင်ရေးအရ
စစ်​ကောင်စီပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

ထိုတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှဗိုလ် မှူးတစ်ဦးနှင့် တပ်သားအချို့ အပါအဝင် စစ် ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူး နှင့် ဒလန် ငါးဦးထက်မနည်း သေဆုံးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။