Connect with us

Hi, what are you looking for?

News

တနင်္သာရီတိုင်းအတွင်း စစ်ကြောင်းလေးခုဖြင့်စစ်ထိုးရန်နှင့် ရွာသူ၊ ရွာသား များအားလိုအပ်ပါက ရှင်းလင်းရန် အကြမ်းဖက်စစ်ကောင်စီ ညွှန်ကြားစာ ထွက်ပေါ်

PDF များနှင့်ဆက်နွယ်သည် ရွာသူ၊ရွာသားများ အားခေါ်ယူမေးမြန်းခြင်းနှင့် လိုအပ်ပါက အကြမ်းဖက်မှုပြုလုပ်ရှင်းလင်းရန် အကြမ်းဖက်စစ်တပ်က ညွှန်ကြားသည်။

ပြည်သူများဘေးလွတ်ရာသို့ တိမ်ရှောင်ရေးကြိုတင်ပြင်ဆင်ရန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူပြော

တနင်္သာရီတိုင်းအတွင်း စစ်ကြောင်းလေးခုဖြင့်စစ်ထိုးရန်နှင့် ရွာသူ၊ရွာသားများ အားလိုအပ်ပါက အကြမ်းဖက်ရှင်းလင်းရန် အကြမ်းဖက်စစ်ကောင်စီ၏ ညွှန်ကြားစာထွက် ရှိလာသည်။

အကြမ်းဖက်စစ်တပ်၏ ခလရ (၁၇)မှ စစ်ကြောင်း (၁)သည် မြိတ်မှတစ်ဆင့် သမုတ်၊ ပုလော၊ပလောက်အထိ နယ်မြေစိုးမိုးစစ်ကြောင်စထိုးရမည်ဟု ညွှန်ကြားစာက ဆိုသည်။

စစ်ကြောင်း(၂)သည် ကျွဲကူး၊တကူး၊သမ်းလှ၊တနင်္သာရီ၊သဘော့လိပ်အထိ PDF များနေ ထိုင်သည်ဟု သတင်းရရှိ၍ ၎င်းနယ်မြေအား သွားရောက်ရမည်ဟု ပါရှိသည်။

Public Service Announcement

Public Service Announcement

PDF များနှင့်ဆက်နွယ်သည် ရွာသူ၊ရွာသားများ အားခေါ်ယူမေးမြန်းခြင်းနှင့် လိုအပ်ပါက အကြမ်းဖက်မှုပြုလုပ်ရှင်းလင်းရန် အကြမ်းဖက်စစ်တပ်က ညွှန်ကြားသည်။

အလားတူ စစ်ကြောင်း(၃)သည် သရက်ချောင်း-ပြင်ပုံကြီး-စုံစင်ဖျား-တောင်ပြောက်အထိ နယ်မြေရှင်းလင်းရန် နှင့် စစ်ကြောင်း(၄)သည် ထားဝယ်တွင် ခေတ္တပိတ်ဆို့ထားပြီး လုံခြုံရေး လုပ်ငန်းဆောင်ရွက်ထားရန် ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူများဘေးလွတ်ရာသို့ တိမ်ရှောင်ရေးကြိုတင်ပြင်ဆင်ရန် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တာဝန်ရှိသူများက သတိပေးသည်။

“မနေ့ကစလို့ ပုလော ဘက်ကို စစ်ကားနှစ်စီး လူအပြည့်တက် လာတယ်။စစ်ပြင်နေပြီဆိုတာ ကျွန်တော်တို့ သတင်းရထားတယ်။ဒီတစ်ခေါက်ကတော့ အရင်တိုက်ပွဲတွေထက် ပိုပြင်းလာ လိမ့်မယ်”ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ထို့အတွက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် မဟာမိတ်တော်လှန်ရေး အင်အားစုများအနေဖြင့် စုစည်း၍ အကြမ်းဖက်စစ်အုပ်စုကို တိုက်ထုတ်ရန် ၎င်းက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်စီးအောင်ကျေးရွာကို စစ်တပ်စစ်ကြောင်းတွေ ရောက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်ကြောင်း ၂ကြောင်းနဲ့ မီးလိုက်ရှို့နေတဲ့ စစ်တပ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူတွေရဲ့ပစ္စည်းတွေသယ်ယူနေတယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့အနီက တော်လှန်ရေးတပ်‌တွေထိန်းချုပ်ထားတဲ့ နေရာအချို့ကို စစ်တပ်ကပြန်ထိန်းချုပ်ပြီးနောက် စစ်ကြောင်းတွေဟာ ကသာနဲ့ အင်းတော်မြို့ကို ဦးတည်နေပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီအစိုးရအဖွဲ့ အလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။