Connect with us

Hi, what are you looking for?

LuduNwayOo

News

တနင်္သာရီတိုင်းအတွင်း စစ်ကြောင်းလေးခုဖြင့်စစ်ထိုးရန်နှင့် ရွာသူ၊ ရွာသား များအားလိုအပ်ပါက ရှင်းလင်းရန် အကြမ်းဖက်စစ်ကောင်စီ ညွှန်ကြားစာ ထွက်ပေါ်

PDF များနှင့်ဆက်နွယ်သည် ရွာသူ၊ရွာသားများ အားခေါ်ယူမေးမြန်းခြင်းနှင့် လိုအပ်ပါက အကြမ်းဖက်မှုပြုလုပ်ရှင်းလင်းရန် အကြမ်းဖက်စစ်တပ်က ညွှန်ကြားသည်။

ပြည်သူများဘေးလွတ်ရာသို့ တိမ်ရှောင်ရေးကြိုတင်ပြင်ဆင်ရန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူပြော

တနင်္သာရီတိုင်းအတွင်း စစ်ကြောင်းလေးခုဖြင့်စစ်ထိုးရန်နှင့် ရွာသူ၊ရွာသားများ အားလိုအပ်ပါက အကြမ်းဖက်ရှင်းလင်းရန် အကြမ်းဖက်စစ်ကောင်စီ၏ ညွှန်ကြားစာထွက် ရှိလာသည်။

အကြမ်းဖက်စစ်တပ်၏ ခလရ (၁၇)မှ စစ်ကြောင်း (၁)သည် မြိတ်မှတစ်ဆင့် သမုတ်၊ ပုလော၊ပလောက်အထိ နယ်မြေစိုးမိုးစစ်ကြောင်စထိုးရမည်ဟု ညွှန်ကြားစာက ဆိုသည်။

စစ်ကြောင်း(၂)သည် ကျွဲကူး၊တကူး၊သမ်းလှ၊တနင်္သာရီ၊သဘော့လိပ်အထိ PDF များနေ ထိုင်သည်ဟု သတင်းရရှိ၍ ၎င်းနယ်မြေအား သွားရောက်ရမည်ဟု ပါရှိသည်။

Public Service Announcement

Public Service Announcement

PDF များနှင့်ဆက်နွယ်သည် ရွာသူ၊ရွာသားများ အားခေါ်ယူမေးမြန်းခြင်းနှင့် လိုအပ်ပါက အကြမ်းဖက်မှုပြုလုပ်ရှင်းလင်းရန် အကြမ်းဖက်စစ်တပ်က ညွှန်ကြားသည်။

အလားတူ စစ်ကြောင်း(၃)သည် သရက်ချောင်း-ပြင်ပုံကြီး-စုံစင်ဖျား-တောင်ပြောက်အထိ နယ်မြေရှင်းလင်းရန် နှင့် စစ်ကြောင်း(၄)သည် ထားဝယ်တွင် ခေတ္တပိတ်ဆို့ထားပြီး လုံခြုံရေး လုပ်ငန်းဆောင်ရွက်ထားရန် ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူများဘေးလွတ်ရာသို့ တိမ်ရှောင်ရေးကြိုတင်ပြင်ဆင်ရန် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တာဝန်ရှိသူများက သတိပေးသည်။

“မနေ့ကစလို့ ပုလော ဘက်ကို စစ်ကားနှစ်စီး လူအပြည့်တက် လာတယ်။စစ်ပြင်နေပြီဆိုတာ ကျွန်တော်တို့ သတင်းရထားတယ်။ဒီတစ်ခေါက်ကတော့ အရင်တိုက်ပွဲတွေထက် ပိုပြင်းလာ လိမ့်မယ်”ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ထို့အတွက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် မဟာမိတ်တော်လှန်ရေး အင်အားစုများအနေဖြင့် စုစည်း၍ အကြမ်းဖက်စစ်အုပ်စုကို တိုက်ထုတ်ရန် ၎င်းက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

ကော့ကရိတ်မြို့သို့ စစ်ကူရောက်ရှိလာသော စစ်ကြောင်းမှာ မည်သည့်လမ်းကြောင်းမှ ရောက်ရှိလာသည်ကို မသိရဘဲ အင်အား ရာနှင့်ချီပါဝင်သည်ဟု ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

မြဝတီမြို့မှာ တော့ မြို့စောင့်တပ် ခလရ ၂၇၅ ဆုတ်ခွာလိုက်ရပြီး အဲဒီတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းဘက်ကို တိမ်းရှောင်ဖို့ သောင်ရင်းမြစ်ကူး ချစ်ကြည်ရေးတံတားအမှတ် ၂ ဆီ ရောက်ရှိနေကြပါတယ်။