Connect with us

Hi, what are you looking for?

News

မိုးဗြဲနယ် ဝါရီဆူးပလိုင်ရွာတိုက်ပွဲ စစ်ကောင်စီတပ်သားများသေဆုံးမှုရှိဟု KNDF ​​​ပြော

တိုက်ပွဲမှာ နံနက် ၆ နာရီက စတင်ခဲ့ပြီး ၂ နာရီခန့် ကြာမြင့်ကာ စစ်ကောင်စီတပ်သားများသေဆုံးမှု ရှိသော်လည်း မြေပြင်အခြေနေကြောင့် အရေတွက်ကို အတည်မပြုနိုင်သေးပေ။

(စစ်ကောင်စီ၏ လက်နက်ကြီး ကျည်ထိမှန်ခဲ့သော ပြည်သူ့နေအိမ်များအား ​တွေ့ရစဥ်)

ကရင်နီပြည်(ရှမ်း-ကရင်နီဒေသကြား)ရှိ မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်​ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖယ်ခုံဇုန်က ထုတ်ပြန် သည်။

ယနေ့(ဧပြီ ၂၀ ရက်) နံနက် ၆နာရီခန့်က ဝါရီဆူးပလိုင်ရွာတွင် တပ်စွဲနေသော စစ်တပ်ကို KNDF တပ်ရင်း(၃) ၊ တပ်ရင်း (၁၁)နှင့် ဖယ်ခုံ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီ၏ လက်နက်ကြီး ကျည်ထိမှန်ခဲ့သော ပြည်သူ့နေအိမ်များအား ​တွေ့ရစဥ်)

တိုက်ပွဲမှာ နံနက် ၆ နာရီက စတင်ခဲ့ပြီး ၂ နာရီခန့် ကြာမြင့်ကာ စစ်ကောင်စီတပ်သားများသေဆုံးမှု ရှိသော်လည်း မြေပြင်အခြေနေကြောင့် အရေတွက်ကို အတည်မပြုနိုင်သေးပေ။

Public Service Announcement

အလားတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ဒဏ် ရာရရှိသော ရဲဘော်များလည်း ရှိကြောင်း KNDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီ၏ လက်နက်ကြီး ကျည်ထိမှန်ခဲ့သော ပြည်သူ့နေအိမ်များအား ​တွေ့ရစဥ်)

တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဖယ်ခုံမြို့ စကခ-၇ နှင့် လွိုင်ကော်မြို့တွင်ရှိသော အမြောက်တပ်မှ လက်နက်ကြီးပစ်ကူများကြောင့် ပြည်သူ့အိုးအိမ်အချို့ထိမှန်ပျက်စီးခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသော ပြည်သူများကို ကယ်ဆယ်ရေးအဖွဲ့မှ စုံစမ်းနေဆဲဖြစ်ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။