Connect with us

Hi, what are you looking for?

News

ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာထားထားလင်းကို စစ်ကောင်စီ ထောင် ၃ နှစ်ချ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO ) နဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့က ထောက်ပံ့တဲ့ ကျပ်သန်း ၁၆,၉၀၀ ထဲက လက်ကျန်ငွေ ၁၆၈ ဒသမ ၁၉၈ သန်းကို ပြန်အပ်လိုက်တာဟာ နိုင်ငံဘဏ္ဍာငွေ ဆုံးရှုံးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဒေါက်တာထားထားလင်းကို လုပ်ပိုင်ခွင့်အာဏာအလွဲသုံးမှု အဂတိပုဒ်မနဲ့ စစ်ကောင်စီ တရားစွဲခဲ့တာပါ။

အရပ်သားရွေးကောက်ခံ NLD အစိုးရလက်ထက်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးအဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သူ ဒေါက်တာထားထားလင်းကို စစ်ကောင်စီက အဂတိပုဒ်မနဲ့စွပ်စွဲကာ ဒီနေ့ မှာပဲ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်ချလိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO ) နဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့က ထောက်ပံ့တဲ့ ကျပ်သန်း ၁၆,၉၀၀ ထဲက လက်ကျန်ငွေ ၁၆၈ ဒသမ ၁၉၈ သန်းကို ပြန်အပ်လိုက်တာဟာ နိုင်ငံဘဏ္ဍာငွေ ဆုံးရှုံးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဒေါက်တာထားထားလင်းကို လုပ်ပိုင်ခွင့်အာဏာအလွဲသုံးမှု အဂတိပုဒ်မနဲ့ စစ်ကောင်စီ တရားစွဲခဲ့တာပါ။

ဒေါက်တာထားထားလင်းဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ၂ ခုထံ လက်ကျန်ရန်ပုံငွေ ပြန်အပ်တာကို စစ်တပ်အာဏာသိမ်းပြီး ၁၀ ရက်အကြာမှာပဲ ပြန်အပ်လိုက်တာပါ။

ဘဏ္ဍာငွေ နည်းပါးနေတဲ့ စစ်ကောင်စီဟာ ထောက်ပံ့ကူညီတဲ့အဖွဲ့အစည်းတွေထံ ရန်ပုံငွေပြန်အပ်တဲ့ ဒေါက်တာထားထားလင်းကိုအငြိုးထားခဲ့တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက လူမှုကွန်ရက်မှာရေးသားခဲ့တာတွေရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒေါက်တာထားထားလင်းကိုယ်တိုင်ကလည်း“ကာကွယ်ဆေးထိုးလုပ်ငန်းကို ကျွန်မတို့နိုင်ငံကို စစ်အာဏာရှင်များရဲ့ စစ်ဖိနပ်အောက် ရောက်သွားစေမဲ့ လက်နက်အဖြစ် အသုံးချခွင့် မပြုနိုင်ပါဘူး” လို့ ရေးသားခဲ့တာရှိပါတယ်။

ဒါအပြင် သူ့ကို ငွေကြေးအလွဲသုံးမှုနဲ့စစ်ကောင်စီက စွပ်စွဲနိုင်တယ်လို့လည်း အဖမ်းမခံရမီပြီးခဲ့တဲ့ နှစ်အတွင်းလုပ်ဖော်ကိုင်ဖက်မိတ်ဆွေတွေကို ဒေါက်တာထားထားလင်းက အသိပေးတာရှိပါတယ်။

ဒေါက်တာထားထားလင်းကို တရားစွဲတဲ့အမှုမှာ စစ်ကောင်စီဟာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးကိုလည်း အဂတိဥပဒေမှာပါဝင်တဲ့ အားပေးကူညီမှုနဲ့ တရားစွဲထားခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့ ဒေါက်တာထားထားလင်းကို ထောင်ချရာမှာ ဒေါက်တာစိုးဦးကိုလည်း အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်ချတာတွေ့ရပါတယ်။

ဒေါက်တာထားထားလင်းဟာ CDM လှုပ်ရှားမှုအစောပိုင်းကာလတွေမှာပါဝင်ခဲ့သူဖြစ်ပြီး ဒေါက်တာစိုးဦးကလည်း အာဏာသိမ်းပြီးနောက် နုတ်ထွက်စာတင်ခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် ဇွန်လအတွင်းက ရန်ကုန်မှာ ဒေါက်တာထားထားလင်းကို စစ်ကောင်စီဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးတဲ့အချိန်မှာ ဒေါက်တာထားထားလင်းရဲ့ ခင်ပွန်းနဲ့အတူ ၇ နှစ်အရွယ် သားဖြစ်သူကိုပါ စစ်ကောင်စီ ကတပါတည်းခေါ်ဆောင်သွားခဲ့တာမျိုးလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။