Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာထားထားလင်းကို စစ်ကောင်စီ ထောင် ၃ နှစ်ချ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO ) နဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့က ထောက်ပံ့တဲ့ ကျပ်သန်း ၁၆,၉၀၀ ထဲက လက်ကျန်ငွေ ၁၆၈ ဒသမ ၁၉၈ သန်းကို ပြန်အပ်လိုက်တာဟာ နိုင်ငံဘဏ္ဍာငွေ ဆုံးရှုံးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဒေါက်တာထားထားလင်းကို လုပ်ပိုင်ခွင့်အာဏာအလွဲသုံးမှု အဂတိပုဒ်မနဲ့ စစ်ကောင်စီ တရားစွဲခဲ့တာပါ။

အရပ်သားရွေးကောက်ခံ NLD အစိုးရလက်ထက်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးအဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သူ ဒေါက်တာထားထားလင်းကို စစ်ကောင်စီက အဂတိပုဒ်မနဲ့စွပ်စွဲကာ ဒီနေ့ မှာပဲ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်ချလိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO ) နဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့က ထောက်ပံ့တဲ့ ကျပ်သန်း ၁၆,၉၀၀ ထဲက လက်ကျန်ငွေ ၁၆၈ ဒသမ ၁၉၈ သန်းကို ပြန်အပ်လိုက်တာဟာ နိုင်ငံဘဏ္ဍာငွေ ဆုံးရှုံးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဒေါက်တာထားထားလင်းကို လုပ်ပိုင်ခွင့်အာဏာအလွဲသုံးမှု အဂတိပုဒ်မနဲ့ စစ်ကောင်စီ တရားစွဲခဲ့တာပါ။

ဒေါက်တာထားထားလင်းဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ၂ ခုထံ လက်ကျန်ရန်ပုံငွေ ပြန်အပ်တာကို စစ်တပ်အာဏာသိမ်းပြီး ၁၀ ရက်အကြာမှာပဲ ပြန်အပ်လိုက်တာပါ။

ဘဏ္ဍာငွေ နည်းပါးနေတဲ့ စစ်ကောင်စီဟာ ထောက်ပံ့ကူညီတဲ့အဖွဲ့အစည်းတွေထံ ရန်ပုံငွေပြန်အပ်တဲ့ ဒေါက်တာထားထားလင်းကိုအငြိုးထားခဲ့တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက လူမှုကွန်ရက်မှာရေးသားခဲ့တာတွေရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒေါက်တာထားထားလင်းကိုယ်တိုင်ကလည်း“ကာကွယ်ဆေးထိုးလုပ်ငန်းကို ကျွန်မတို့နိုင်ငံကို စစ်အာဏာရှင်များရဲ့ စစ်ဖိနပ်အောက် ရောက်သွားစေမဲ့ လက်နက်အဖြစ် အသုံးချခွင့် မပြုနိုင်ပါဘူး” လို့ ရေးသားခဲ့တာရှိပါတယ်။

ဒါအပြင် သူ့ကို ငွေကြေးအလွဲသုံးမှုနဲ့စစ်ကောင်စီက စွပ်စွဲနိုင်တယ်လို့လည်း အဖမ်းမခံရမီပြီးခဲ့တဲ့ နှစ်အတွင်းလုပ်ဖော်ကိုင်ဖက်မိတ်ဆွေတွေကို ဒေါက်တာထားထားလင်းက အသိပေးတာရှိပါတယ်။

ဒေါက်တာထားထားလင်းကို တရားစွဲတဲ့အမှုမှာ စစ်ကောင်စီဟာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးကိုလည်း အဂတိဥပဒေမှာပါဝင်တဲ့ အားပေးကူညီမှုနဲ့ တရားစွဲထားခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့ ဒေါက်တာထားထားလင်းကို ထောင်ချရာမှာ ဒေါက်တာစိုးဦးကိုလည်း အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်ချတာတွေ့ရပါတယ်။

ဒေါက်တာထားထားလင်းဟာ CDM လှုပ်ရှားမှုအစောပိုင်းကာလတွေမှာပါဝင်ခဲ့သူဖြစ်ပြီး ဒေါက်တာစိုးဦးကလည်း အာဏာသိမ်းပြီးနောက် နုတ်ထွက်စာတင်ခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် ဇွန်လအတွင်းက ရန်ကုန်မှာ ဒေါက်တာထားထားလင်းကို စစ်ကောင်စီဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးတဲ့အချိန်မှာ ဒေါက်တာထားထားလင်းရဲ့ ခင်ပွန်းနဲ့အတူ ၇ နှစ်အရွယ် သားဖြစ်သူကိုပါ စစ်ကောင်စီ ကတပါတည်းခေါ်ဆောင်သွားခဲ့တာမျိုးလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။