Connect with us

Hi, what are you looking for?

LuduNwayOo

News

ခရမ်းမြို့တွင် ​သတင်းပေး ထောက်လှမ်း​ရေး​ဟောင်းတစ်ဦး ရှင်းလင်းခံရ၊ စစ်ကားတစ်စီးလည်း ​ချောင်းထဲကျ၍ ထိခိုက်သေဆုံးမှုရှိဟုဆို

ချောင်းထဲထိုးကျသွာသည့် စစ်ကားပေါ်ပါရှိသူများကို ခရမ်းဆေးရုံမှတဆင့် အရေးပေါ်လူနာ ငါးစီးဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် စစ်တပ်သတင်းပေးထောက်လှမ်းရေး တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ပစ်သတ်ခံရပြီး စစ်ကားတစ်စီးလည်း ချောင်းထဲထိုးကျသွားကြောင်း ဒေသခံ သတင်းရင်းမြစ်များက People’s Springသို့ ပြောသည်။

ယနေ့(ဧပြီ ၂၁ရက်) နံနက် ၈နာရီခန့်က ခရမ်းမြို့သို့ပင်စင်ထုတ်ရန်လာသည့် တကောကန်ကျေးရွာနေ သူ သန့်ဇင် ဆိုသူအား သပြုကန်ကျေးရွာ ရွာလယ်လမ်း၌ သေနတ်ဖြင့် ပစ်သတ်သွားခြင်းဟု ဆိုသည်။

“သူ့နောက်ကြောင်းရာဇဝင်မှကိုက ခင်ညွှန့်လက်ထက်ကတည်းက ထောက်လှမ်းရေးအဖွဲ့ဝင်ဖြစ်တယ်။အခုထိလည်း စခ တွေနဲ့ ပတ်သက်နေလို့ ပစ်သတ်ခံရတယ်ပြောတယ်။အချက်ရေလည်း များတယ် ၁၇ ချက်တောင် ပစ်ခံရတာ”ဟု ခရမ်းမြို့နေ ပြည်သူတစ်ဦးက ရှင်းပြသည်။

Public Service Announcement

ထို့အပြင် ယနေ့ နံနက် ၅ နာရီခန့်က ခရမ်းမြို့ နယ် ကမာကလူကျေးရွာတွင် စစ်ကားတစ်စီး ချောင်းထဲထိုးကျသွားခဲ့ပြီး အသေအပျောက်များနိုင်ကြောင်း Khayan Channel က အတည်ပြုသည်။

Public Service Announcement

Public Service Announcement

ချောင်းထဲထိုးကျသွာသည့် စစ်ကားပေါ်ပါရှိသူများကို ခရမ်းဆေးရုံမှတဆင့် အရေးပေါ်လူနာ ငါးစီးဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်းက ခရမ်းနှင့် သက္ကလကြားရှိ ဇွဲတွန် စစ်ဆေးရေးဂိတ်ကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့သည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း သတင်းပေးဒလန်များကို တောင်ပိုင်းခရိုင်ရှိ မြို့နယ်များ၌ ဆက်တိုက်ရှင်းလင်းထားသည်။

ထို့ကြောင့် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့က နယ်မြေ စိုးမိုးနိုင်ရန် ပြင်ဆင်နေသည်ဟု ဒေသခံတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။