Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်​ကောင်စီတပ်က ​​ညောင်လှ​ရွာမှ​နေအိမ် ၄၀ကိုမီးရှို့ဖျက်ဆီး၊​ ဒေသခံလူငယ်တစ်ဦးကိုဖမ်းဆီးသတ်ဖြတ်

ဧပြီလ ၂ ၀ ရက်နေ့ နံနက် သုံးနာရီခန့်အချိန်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မူးခံတွင်းကျေးရွာသို့ သုံးနေရာမှ ဝင်ရောက်လာပြီး အသက် (၅၀) ကျော်နှင့် အသက်(၆၀)ကျော်အရွယ်သက်ကြီးရွယ်အိုပြည်သူနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒီပဲယင်းဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်လေးဆယ်ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး ​ဒေသခံလူငယ်တစ်ဦးကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဧပြီလ ၂၀ ရက်နေ့နံနက်အစောပိုင်းတွင် ညောင်လှရွာဘက်သို့ စစ်ကြောင်းထိုးလာကာ ထပ်မံမီးရှို့ဖျက်ဆီးခဲ့သဖြင့် အိမ်​ပေါင်း ​လေးဆယ်မှာမီး​လောင်ပြာကျပြီး တလင်းပြင်အတိရောက်ရှိခဲ့ကြောင်း ​ဒေသခံများက​ပြောသည်။ ထိုအပြင်ကျေးရွာအရှေ့ပိုင်းတွင် ​ဒေသခံလူငယ်အမျိုးသားတစ်ဦးအား လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်သွားကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့နှင့် ဒေသခံများက ပြောသည်။

ဒီပဲယင်းမြို့နယ်အတွင်း လှည့်လည်ထိုးစစ်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ဧပြီလ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ​ကျော်တွင်မဲအိုးရွာအနောက်မြောက်ဘက်တွင် ဂဠုန်တပ်တော် ရဲဘော်များမှ တာဝေးပစ် နှစ်ဆင့်ကွဲ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်မှ ထွက်ခွာလာသောစစ်​ကြောင်းနှစ်ကြောင်းပေါင်းထား​သောစစ်ကြောင်း စစ်ကောင်စီတပ်သား (၁၀၀) ဝန်းကျင်ခန့်သည် ဧပြီလ ၁၉ ရက်နေ့က တိုက်ခိုက်ခံရပြီးနောက် ဒီပဲယင်းမြို့နယ်၊ မဲအိုးရွာသို့ ဝင်ရောက်လာကာ မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။ အကြမ်းဖက်စစ်တပ်၏ ဝင်ရောက်ဖျက်ဆီးမီးရှို့မှုကြောင့် မဲအိုးကျေးရွာတွင်လည်း နေအိမ် (၁၅)လုံးခန့် မီးလောင်ဆုံးရှုံးကာ စပါးတိုက်များ၊ လယ်ယာသုံးစက်ပစ္စည်းများလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဧပြီလ ၂ ၀ ရက်နေ့ နံနက် သုံးနာရီခန့်အချိန်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မူးခံတွင်းကျေးရွာသို့ သုံးနေရာမှ ဝင်ရောက်လာပြီး အသက် (၅၀) ကျော်နှင့် အသက်(၆၀)ကျော်အရွယ်သက်ကြီးရွယ်အိုပြည်သူနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒီပဲယင်းဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။