Connect with us

Hi, what are you looking for?

ဗီဒီယို

နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးကျည်သစ် တစ်မျိုးကို ရုရှား စမ်းသပ်

NATO မဟာမိတ်တွေကတော့ Sarmatကို Satan IIလို့ နာမည်ပြောင် ပေးထားပြီး ဆိုဗီယက်ခေတ်က အသုံးပြုခဲ့တဲ့ Voyevoda ဒုံးကျည်စနစ် နေရာမှာ အစားထိုးမယ့် နည်းပညာအဖြစ် ယူဆထားပါတယ်။ ဒီဒုံးကျည်တွေ စတင် တီထွင်နေပြီ ဆိုတာကို ပူတင်က ၂၀၁၈ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။

ရုရှားဟာ နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်နိုင်တဲ့ ပဲ့ထိန်း ဒုံးကျည်အသစ် တစ်စင်းကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း ကြေညာသွားပါတယ်။

ရုရှား မြောက်ပိုင်းမှာ တည်ဆောက်ထားတဲ့ ဒုံးကျည်စခန်းကနေ Sarmat ဒုံးကျည်ကို ပစ်လွှတ်လိုက်တာဖြစ်ပြီး နိုင်ငံ အရှေ့ဖျားက ပစ်မှတ်ကို တိတိကျကျ ထိမှန်ခဲ့တယ်လို့ ရုရှား စစ်တပ်က ထုတ်ပြန်ပါတယ်။ အခု ဒုံးကျည် စမ်းသပ် အောင်မြင်မှုဟာ နိုင်ငံရဲ့ ရန်သူတွေကို တွန့်ဆုတ်သွားစေလိမ့်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

ရုရှား ရုပ်မြင်သံကြား ဌာနတွေက ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ပူတင်က ရုရှားကို ရန်လို ခြိမ်းခြောက်ချင်နေတဲ့ ရန်သူတွေ အနေနဲ့ Sarmat ဒုံးကျည်ကြောင့် သူတို့ရဲ့ အကြံအစည်ကို နှစ်ခါပြန် စဉ်းစားရတော့မယ်လို့ ပူတင်က ဆိုပါတယ်။

ဒါဟာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲမှုနဲ့ ပတ်သက်လို့ ရုရှားကို ဘက်ပေါင်းစုံ အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်နေတဲ့ အနောက်အုပ်စု မဟာမိတ် နိုင်ငံတွေကို ရည်ညွှန်းတဲ့ သတိပေးစကား ဖြစ်နိုင်ပါတယ်။ ပြီးတော့ Sarmat ဒုံးကျည်ဟာ ပြည်တွင်းဖြစ် ပစ္စည်းတွေနဲ့ချည်း တပ်ဆင် တည်ဆောက်ထားတာလို့လည်း ပူတင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်က ဒီဒုံးကျည်ဟာ ကီလိုမီတာ ၆၀၀၀ လောက် အကွာက ပစ်မှတ်ကို ထိထိရောက်ရောက် ချေမှုန်းနိုင်ခဲ့တယ်လို့လည်း ပြောကြားသွားပါတယ်။ ပြီးတော့ လက်ရှိ အသုံးပြုနေတဲ့ လေကြောင်း ကာကွယ်ရေး နည်းပညာ အားလုံးက Sarmatကို ဟန့်တားဖို့ မဖြစ်နိုင်သလောက်ပဲလို့လည်း ပူတင်က ကြွေးကြော်ပါတယ်။

NATO မဟာမိတ်တွေကတော့ Sarmatကို Satan IIလို့ နာမည်ပြောင် ပေးထားပြီး ဆိုဗီယက်ခေတ်က အသုံးပြုခဲ့တဲ့ Voyevoda ဒုံးကျည်စနစ် နေရာမှာ အစားထိုးမယ့် နည်းပညာအဖြစ် ယူဆထားပါတယ်။ ဒီဒုံးကျည်တွေ စတင် တီထွင်နေပြီ ဆိုတာကို ပူတင်က ၂၀၁၈ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်း ကျူးကျော် စစ်ပွဲမှာ ဟိုက်ပါဆောနစ် နည်းပညာနဲ့ ဒုံးကျည် တစ်စင်းကိုလည်း ပထမဆုံးအကြိမ် အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။ အသံထက် ၅ ဆပိုမြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို စစ်မြေပြင်မှာ ထုတ်သုံးတာ ရုရှားက ပထမဆုံး ဖြစ်လာပါတယ်။ အမေရိကန်ကလည်း Hypersonic နည်းပညာသုံး ဒုံးကျည် တစ်စင်းကို စမ်းသပ်ခဲ့ပေမယ့် ရုရှားနဲ့ ပိုမို တင်းမာလာနိုင်တဲ့ အခြေအနေတွေကို ရှောင်ဖို့အတွက် စမ်းသပ်မှု အချက်အလက်တွေကို မထုတ်ပြန်ဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။