Connect with us

Hi, what are you looking for?

News

ထားဝယ် – ထီးခီးလမ်းတွင်စစ်​ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး၁၀ ဦးထက်မနည်း​သေဟု​ဒေသခံများ​ပြော

တိုက်ခိုက်ခံပြီး​နောက်အဆိုပါစစ်ကားလေးစီးမှာဆက်မသွား​တော့ဘဲ ရပ်တန့်သွားပြီး ယနေ့မနက်အထိ လမ်းပေါ်တွင်ရှိနေဆဲဖြစ်သည်ဟုသိရသည်။ နေလယ်ပိုင်းတွင်မူ ထားဝယ်ဘက်ကို ပြန်လည်း မောင်းနှင်သွားသည်ဟုလည်း ​ဒေသခံအချို့က​ပြောသည်။

(ထားဝယ်-ထီးခီးလမ်းပိုင်းတနေရာ။ ဓါတ်ပုံ-CJ)

မြန်မာ-ထိုင်းနယ်စပ် ထီးခီးလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက ယမန့်နေ့(ဧပြီ ၂၀ရက်) ည ၇နာရီခန့်က ပစ်ခတ်ရာ အကြမ်းဖက်စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံများက​ပြောသည်။

ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ ဟိန္ဒိူးချောင်းရွာအနီးတွင်စစ်ကောင်စီတပ်၏ ကားလေးစီးပါ ယာဉ်တန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုယာဉ်တန်းတွင် သုံးစီးမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများပါဝင်ပြီး ကျန်တစ်စီးများ ဆိုင်ကယ်များ တင်လာခြင်းဖြစ်သည်ဟု ဒေသခံများက​ပြောသည်။

“KNDOပူးပေါင်းတပ်ကတိုက်တယ်လို့ ကြားတယ်။ ဘယ်အဖွဲ့က တိုက်တယ်ဆိုတာ တရားဝင်မထုတ်ပြန်သေးဘူး”ဟု ဒေသခံကာကွယ်ရေးတပ်များနှင့်နီးစပ်သူတစ်ဦးကလည်းပြောသည်။

တိုက်ခိုက်ခံပြီး​နောက်အဆိုပါစစ်ကားလေးစီးမှာဆက်မသွား​တော့ဘဲ ရပ်တန့်သွားပြီး ယနေ့မနက်အထိ လမ်းပေါ်တွင်ရှိနေဆဲဖြစ်သည်ဟုသိရသည်။ နေလယ်ပိုင်းတွင်မူ ထားဝယ်ဘက်ကို ပြန်လည်း မောင်းနှင်သွားသည်ဟုလည်း ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မူကို မည်သည်အဖွဲ့က ဆောင်ရွက်သည်ကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ထိုလမ်းကြောင်းတွင် KNDOနှင့် PDF ပူးပေါင်းတပ်များ လှုပ်ရှားရာနေရာဖြစ်ပြီး ကုန်ခဲ့​သောမတ်လအတွင်းကလည်း စစ်ကောင်စီတပ်များကို အဆိုပါပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook