Connect with us

Hi, what are you looking for?

LuduNwayOo

News

ထားဝယ် – ထီးခီးလမ်းတွင်စစ်​ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး၁၀ ဦးထက်မနည်း​သေဟု​ဒေသခံများ​ပြော

တိုက်ခိုက်ခံပြီး​နောက်အဆိုပါစစ်ကားလေးစီးမှာဆက်မသွား​တော့ဘဲ ရပ်တန့်သွားပြီး ယနေ့မနက်အထိ လမ်းပေါ်တွင်ရှိနေဆဲဖြစ်သည်ဟုသိရသည်။ နေလယ်ပိုင်းတွင်မူ ထားဝယ်ဘက်ကို ပြန်လည်း မောင်းနှင်သွားသည်ဟုလည်း ​ဒေသခံအချို့က​ပြောသည်။

(ထားဝယ်-ထီးခီးလမ်းပိုင်းတနေရာ။ ဓါတ်ပုံ-CJ)

မြန်မာ-ထိုင်းနယ်စပ် ထီးခီးလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက ယမန့်နေ့(ဧပြီ ၂၀ရက်) ည ၇နာရီခန့်က ပစ်ခတ်ရာ အကြမ်းဖက်စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံများက​ပြောသည်။

ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ ဟိန္ဒိူးချောင်းရွာအနီးတွင်စစ်ကောင်စီတပ်၏ ကားလေးစီးပါ ယာဉ်တန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုယာဉ်တန်းတွင် သုံးစီးမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများပါဝင်ပြီး ကျန်တစ်စီးများ ဆိုင်ကယ်များ တင်လာခြင်းဖြစ်သည်ဟု ဒေသခံများက​ပြောသည်။

“KNDOပူးပေါင်းတပ်ကတိုက်တယ်လို့ ကြားတယ်။ ဘယ်အဖွဲ့က တိုက်တယ်ဆိုတာ တရားဝင်မထုတ်ပြန်သေးဘူး”ဟု ဒေသခံကာကွယ်ရေးတပ်များနှင့်နီးစပ်သူတစ်ဦးကလည်းပြောသည်။

တိုက်ခိုက်ခံပြီး​နောက်အဆိုပါစစ်ကားလေးစီးမှာဆက်မသွား​တော့ဘဲ ရပ်တန့်သွားပြီး ယနေ့မနက်အထိ လမ်းပေါ်တွင်ရှိနေဆဲဖြစ်သည်ဟုသိရသည်။ နေလယ်ပိုင်းတွင်မူ ထားဝယ်ဘက်ကို ပြန်လည်း မောင်းနှင်သွားသည်ဟုလည်း ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မူကို မည်သည်အဖွဲ့က ဆောင်ရွက်သည်ကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ထိုလမ်းကြောင်းတွင် KNDOနှင့် PDF ပူးပေါင်းတပ်များ လှုပ်ရှားရာနေရာဖြစ်ပြီး ကုန်ခဲ့​သောမတ်လအတွင်းကလည်း စစ်ကောင်စီတပ်များကို အဆိုပါပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။