Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်သား ၁၇ဦး စစ်ကြောင်းကို စွန့်ခွာထွက်ပြေးပြီး တပ်သားအချို့ ကရင်နီပူးပေါင်းတပ်ထံ ခိုလှုံ

ဖရူဆိုမြို့နယ် ထားလဲကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကာင်စီတပ်များနှင့် ကရင်နီ ပူးပါင်းတပ်တို့ ဧပြီ၁၆ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်အပြင် ကရင်နီ ပူး‌ပေါင်းတပ်ဖွဲ့ မှ ပြောက်ကျားတိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိသည်ဟုဆိုသည်။

▪️ကရင်နီဒေသ တစ်ပတ်အတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၁၆ဦးသေ၊ အများအပြားဒဏ်ရာရဟု KNDF ထုတ်ပြန်

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ် ထားလဲနှင့် နန်းဖဲအကြားတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းမှ တပ်သားများ ဖရိုဖရဲဖြစ်ကာ တပ်သား ၁၇ဦးစစ်ကြောင်း ကို စွန့်ခွာထွက်ပြေးပြီး၊ တပ်သားအချို့ ကရင်နီပူး‌ပေါင်းတပ်ထံ ခိုလှုံခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ ထုတ်ပြန်သည်။

ဖရူဆိုမြို့နယ် ထားလဲကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကာင်စီတပ်များနှင့် ကရင်နီ ပူးပါင်းတပ်တို့ ဧပြီ၁၆ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်အပြင် ကရင်နီ ပူး‌ပေါင်းတပ်ဖွဲ့ မှ ပြောက်ကျားတိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိသည်ဟုဆိုသည်။

ကရင်နီဒေသ၌ တစ်ပတ်အတွင်း တိုက်ပွဲသတင်းများအား KNDFက ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့သည်။ တစ်ပတ်အတွင်း တိုက်ပွဲများ၊ ပြောက်ကျားတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်မှ ၁၆ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဧပြီ တတိယပတ်အတွင်း ဖယ်ခုံမြို့နယ် မိုးဗြဲဒေသ၊ ဒီးမော့ဆိုမြို့နယ်တို့၌ ကရင်နီပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ခဲ့ကြောင်း ဖော်ပြသည်။ တိုက်ပွဲများအတွင်း KNDFမှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ပစ်ခတ်သတ်ဖြတ်၍ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်သည်။ စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နေအိမ်များ မီးလောင်ပျက်စီးမှုများဖြစ်ခဲ့သည်ဟုဆိုသည်။

ဒီးမော့ဆိုမြို့နယ် ‌ဒေါကမီးကျေးရွာအနီးတဝိုက်တွင် ဧပြီ ၁၄ရက်မှစ၍ ယနေ့အထိတိုက်ပွဲများ ပြင်းထန် လျက်ရှိကြောင်း၊ မိုးဗြဲ ဝါရီဆူးပလိုင်တို့တွင် ဧပြီ ၁၅ရက်မှစ၍ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး ဝါရီ ကောခူနှင့် အနီးတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်အင်အားဖြည့်တင်းလျက်ရှိကြောင်း ဖော်ပြထားသည်။ ဧပြီ ၁၅ရက်တွင် လွိုင်ကော်မြို့ ထေးတမရပ်ကွက်အတွင်း နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ဧပြီ၁၆ရက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့ ချီကယ်ရပ်ကွက်အတွင်း အသက် (၈) နှစ်အရွယ် ကလေးငယ် တစ်ဦးအား ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တို့အတွင်း အကြမ်း ဖက်စစ်ကောင်စီမှ နေအိမ်(၁၄)လုံးအား မီးရှို့ဖျက်စီးခဲ့ပြီး လက်နက်ကြီးထိမှန်မှုကြောင့် ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့တွင် နေအိမ်ပေါင်း ၈လုံး ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။