Connect with us

Hi, what are you looking for?

News

ဘုံရန်သူအကြမ်းဖက်စစ်အုပ်စုကို လက်တွဲတွန်းလှန်ရန် အချိန်အခါကောင်းဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက SSPPထံ သဝဏ်လွှာပို့

SSPP/SSA တည်ထောင်ခြင်း (၅၈) နှစ်ပြည့်မှသည် ရှမ်းအမျိုးသားများ အပါအဝင် ပြည်ထောင်စုသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုတိုးတက် ပေါကြွယ်ဝအောင် ဆောင်ရွက်နိုင်ပါစေဟုလည်း NUG ကာကွယ်ရေးဝန်ကြီး ဌာနက သဝဏ်လွှာပေးပို့ခဲ့သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) တည်ထောင်ခြင်း (၅၈) နှစ်ပြည့်အခမ်းအနားကျင်းပနေစဥ်၊ ဓာတ်ပုံ - SSPP Info

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနသည် ယမန်နေ့က ကျရောက်သည့်ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း (၅၈) နှစ်ပြည့်သို့ သဝဏ်လွှာပေးပို့ခဲ့ရာ ဘုံရန်သူအကြမ်းဖက် စစ်အုပ်စုကိုလက်တွဲတွန်းလှန်ရန် အချိန်အခါကောင်း ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

၁၉၄၇ ပင်လုံကတိကဝတ်များနှင့်အညီ ရှမ်းပြည်သူလူထု၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ လူမျိုးစုအခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန် ရည်ရွယ်လျက် ရှမ်းပြည် တပ်မတော် (SSPP/SSA)ကို ထူထောင်ကာ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြခြင်း ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်များ၏ သပ်လျှိုသွေးခွဲအုပ်ချုပ်မှုများကြောင့် ရှမ်းပြည် အပါအဝင် ပြည်ထောင်စုတစ်ခုလုံး အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့ ရပြီး ပြည်သူလူထုမှာလည်း နစ်နာမှုများစွာ ကြုံတွေခဲ့ရကြောင်းသဝဏ်လွှာ၌ ရေးသားထားသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) တည်ထောင်ခြင်း (၅၈) နှစ်ပြည့်အခမ်းအနားကျင်းပနေစဥ်၊ ဓာတ်ပုံ – SSPP Info

လက်ရှိအချိန်သည် ဘုံရန်သူဖြစ်သော အကြမ်းဖက်စစ်အုပ်စုကို ကျွန်ုပ်တို့ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး အတူတကွ လက်တွဲတွန်းလှန်ပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ ဦးတည်လျှောက်လှမ်းရန် အချိန်အခါကောင်းဖြစ်သည်ဟု လေးနက်စွာ ယုံကြည်ကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

SSPP/SSA တည်ထောင်ခြင်း (၅၈) နှစ်ပြည့်မှသည် ရှမ်းအမျိုးသားများ အပါအဝင် ပြည်ထောင်စုသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုတိုးတက် ပေါကြွယ်ဝအောင် ဆောင်ရွက်နိုင်ပါစေဟုလည်း NUG ကာကွယ်ရေးဝန်ကြီး ဌာနက သဝဏ်လွှာပေးပို့ခဲ့သည်။

Public Service Announcement

Public Service Announcement

SSPPအနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်နည်းပါးခဲ့သော်လည်း လက်ရှိအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နယ်၌ စစ်ရေးတင်းမာလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။