Connect with us

Hi, what are you looking for?

News

ဘုံရန်သူအကြမ်းဖက်စစ်အုပ်စုကို လက်တွဲတွန်းလှန်ရန် အချိန်အခါကောင်းဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက SSPPထံ သဝဏ်လွှာပို့

SSPP/SSA တည်ထောင်ခြင်း (၅၈) နှစ်ပြည့်မှသည် ရှမ်းအမျိုးသားများ အပါအဝင် ပြည်ထောင်စုသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုတိုးတက် ပေါကြွယ်ဝအောင် ဆောင်ရွက်နိုင်ပါစေဟုလည်း NUG ကာကွယ်ရေးဝန်ကြီး ဌာနက သဝဏ်လွှာပေးပို့ခဲ့သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) တည်ထောင်ခြင်း (၅၈) နှစ်ပြည့်အခမ်းအနားကျင်းပနေစဥ်၊ ဓာတ်ပုံ - SSPP Info

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနသည် ယမန်နေ့က ကျရောက်သည့်ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း (၅၈) နှစ်ပြည့်သို့ သဝဏ်လွှာပေးပို့ခဲ့ရာ ဘုံရန်သူအကြမ်းဖက် စစ်အုပ်စုကိုလက်တွဲတွန်းလှန်ရန် အချိန်အခါကောင်း ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

၁၉၄၇ ပင်လုံကတိကဝတ်များနှင့်အညီ ရှမ်းပြည်သူလူထု၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ လူမျိုးစုအခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန် ရည်ရွယ်လျက် ရှမ်းပြည် တပ်မတော် (SSPP/SSA)ကို ထူထောင်ကာ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြခြင်း ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်များ၏ သပ်လျှိုသွေးခွဲအုပ်ချုပ်မှုများကြောင့် ရှမ်းပြည် အပါအဝင် ပြည်ထောင်စုတစ်ခုလုံး အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့ ရပြီး ပြည်သူလူထုမှာလည်း နစ်နာမှုများစွာ ကြုံတွေခဲ့ရကြောင်းသဝဏ်လွှာ၌ ရေးသားထားသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) တည်ထောင်ခြင်း (၅၈) နှစ်ပြည့်အခမ်းအနားကျင်းပနေစဥ်၊ ဓာတ်ပုံ – SSPP Info

လက်ရှိအချိန်သည် ဘုံရန်သူဖြစ်သော အကြမ်းဖက်စစ်အုပ်စုကို ကျွန်ုပ်တို့ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး အတူတကွ လက်တွဲတွန်းလှန်ပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ ဦးတည်လျှောက်လှမ်းရန် အချိန်အခါကောင်းဖြစ်သည်ဟု လေးနက်စွာ ယုံကြည်ကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

SSPP/SSA တည်ထောင်ခြင်း (၅၈) နှစ်ပြည့်မှသည် ရှမ်းအမျိုးသားများ အပါအဝင် ပြည်ထောင်စုသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုတိုးတက် ပေါကြွယ်ဝအောင် ဆောင်ရွက်နိုင်ပါစေဟုလည်း NUG ကာကွယ်ရေးဝန်ကြီး ဌာနက သဝဏ်လွှာပေးပို့ခဲ့သည်။

Public Service Announcement

Public Service Announcement

SSPPအနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်နည်းပါးခဲ့သော်လည်း လက်ရှိအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နယ်၌ စစ်ရေးတင်းမာလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook