Connect with us

Hi, what are you looking for?

News

NUG၊ NUCC တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးထုတ်​ဖော်ပြောကြား

အာဏာသိမ်းချိန်မှစ၍ ၁၆ လအတွင်း မြန်မာနိုင်ငံသည် ပဋိပက္ခထဲသို့ ဆင်းသက်သွားပြီး စီးပွားရေးမလည်ပတ်တော့သည့် အခြေအနေကို ဒေသတွင်းစံနှုန်းများနှင့်အညီ မလေးရှားနိုင်ငံခြား ရေးဝန်ကြီးက ထုတ်ဖော်ပြောခဲ့သည်။

ကိုးကား - The Diplomat

မလေးရှားအစိုးရသည် မြန်မာအရပ်သားအစိုးရ NUG နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီး Saifuddin Abdullah က အတည်ပြုပြောကြားသည်။

အာဆီယံဦးဆောင်နိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ဆက်သွယ်ဆွေးနွေးကြောင်း ဝန်ခံပြောကြားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUCC(အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ)ခေါင်းဆောင်တို့နှင့် အလွတ်သဘောတွေ့ဆုံခဲ့သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောသည်။

အထက်ပါတွေ့ဆုံမှုများသည် ဖေဖော်ဝါရီလလယ်ပိုင်းက ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးမတိုင်မီ အွန်လိုင်းဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ထို​ကြောင့်မ​လေးရှားနိုင်ငံသည် အာဆီယံနိုင်ငံများထဲတွင် NUGနှင့်​တွေ့ဆုံ​ဆွေး​နွေးခဲ့​ကြောင်း ပထမဆုံးထုတ်​ဖော်​ပြောဆို​သောနိုင်ငံဖြစ်လာသည်။

အာဏာသိမ်းချိန်မှစ၍ ၁၆ လအတွင်း မြန်မာနိုင်ငံသည် ပဋိပက္ခထဲသို့ ဆင်းသက်သွားပြီး စီးပွားရေးမလည်ပတ်တော့သည့် အခြေအနေကို ဒေသတွင်းစံနှုန်းများနှင့်အညီ မလေးရှားနိုင်ငံခြား ရေးဝန်ကြီးက ထုတ်ဖော်ပြောခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီသည် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မှု ဆက်လက်အချိန်ဆွဲနေပါက မလေးရှားအစိုးရသည် NUG နှင့် တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိကြောင်း Saifuddin Abdullah က ပြီးခဲ့သည့် အောက်တိုဘာတွင် လွှတ်တော်သို့ ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ယခင်နှစ် ဧပြီ ၂၄ ရက်က အာဆီယံခေါင်းဆောင်များ သဘောတူချမှတ်ခဲ့သော ဆုံးဖြတ်ချက် ၅ ရပ်ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပြည်သူလူထုအပေါ် လူမဆန်သော အကြမ်းဖက်နှိပ်စက်မှုများကို ဆက်လက်ကျူးလွန်နေ၍ အနောက်နိုင်ငံများက စစ်ကောင်စီကို ကန့် ကွက်ရှုတ်ချထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်