Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က ၁၅ရွာထက်မနည်း မီးရှို့ခဲ့သည့် ပေါက်နယ်မှဒေသခံများ အရေးပေါ် အကူအညီလိုအပ်နေ

စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာသို့ ပထမစတင်ဝင်ရောက်စဉ်က နွားတစ်ကောင်ကို မောင်းယူသွားသော်လည်း မီးရှို့မသွားကြောင်း၊ထို့နောက် ထပ်မံလာရောက်သည့် စစ်ကြောင်းက ရွာကို မီးရှို့ခဲ့၍ အိမ်ခြေ ၁၅၆လုံးရှိသည့် လယ်ယာရွာမှ အိမ်ခြေ ၆၆လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြော သည်။

ဓာတ်ပုံ - Salai Houng Aung Ling/FB

▪️နေအိမ်များမီးရှို့ခံရ၍ စစ်ကောင်စီတပ်အပေါ် နာကျည်းခံပြင်းကြောင်း ဒေသခံများထုတ်ဖော်ပြောကြား

မကွေးတိုင်း ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင် စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ရွာပေါင်း ၁၅ရွာထက်မနည်း မီးရှို့ခဲ့သည့် ပေါက်နယ်ရှိ ကျေးရွာများမှ ဒေသခံများ စားနပ်ရိက္ခာအပါအဝင် အရေးပေါ် အကူညီများ လိုအပ်နေသည်ဟု ဒေသခံကများက ပြောကြားသည်။

စစ်ကောင်စီတပ်က ဧပြီအတွင်း ပေါက်မြို့နယ်ရှိ သက္ကယ်ကျင်း၊ လယ်ယာ၊ လက်ပံလှ၊ ကျောက်အိုး၊ ကင်းမ၊ တောင်ချို၊ ဘို့မယ်၊ ဒိန်းကွင်း၊ ချောင်းဆုံ၊ တောင်ဘက်၊ ကျွန်းကြီး၊ ကျောင်းကုန်း၊ ရေကျော်၊ ပုတီး၊ သစ်ညီနောင် စသည့် ကျေးရွာများကို မီးရှို့ခဲ့သည်။ မီးရှို့ခံရသည့် ကျေးရွာအချို့မှ ပြည်သူများကို တွေ့ပြီးမေးမြန်းထားသည့် ရုပ်သံဖိုင်ကို Salai Houng Aung Ling အမည်ရှိ အကောင့်ပိုင်ရှင်က ယနေ့ ဧပြီ ၂၉ရက်ညပိုင်း၌ ဖော်ပြထားသည်။

ဓာတ်ပုံ – Salai Houng Aung Ling/FB

စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာသို့ ပထမစတင်ဝင်ရောက်စဉ်က နွားတစ်ကောင်ကို မောင်းယူသွားသော်လည်း မီးရှို့မသွားကြောင်း၊ထို့နောက် ထပ်မံလာရောက်သည့် စစ်ကြောင်းက ရွာကို မီးရှို့ခဲ့၍ အိမ်ခြေ ၁၅၆လုံးရှိသည့် လယ်ယာရွာမှ အိမ်ခြေ ၆၆လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

“စိတ်ခံစားချက်က ကျွန်တော်တို့က ကိုယ့်ရွာမှာကိုယ် အေးအေးချမ်းချမ်းနေလာရတဲ့ဘ၀ကနေ ဒီလိုမျိုးဖြစ်သွားတာဆိုတော့စိတ်ထဲမှာ ဝမ်းနည်းတာပေါ့။ ခံပြင်းစိတ် ၊ နာကျည်းစိတ်ပေါ့။ အဲဒါမျိုးတွေဖြစ်လာတယ်။ ဒါပေမဲ့ ကိုယ့်မှာ ဘာမှ မရှိတော့ ဘာမှမလုပ်နိုင်ဘူးပေါ့။ အခု ကြည့်နေတဲ့ သူတွေပဲဖြစ်ဖြစ် ပြည်သူတွေ ပေါ့ဗျာ အမှန်တရားဘက်ကနေ ဝိုင်းဝန်းပြီး ထောက်ပံ့မယ်ဆိုရင် ဒီကာလကြီးက မြန်မြန်ပြီးဆုံးသွားမယ်လို့ ပြောချင်ပါတယ်”ဟု လယ်ယာရွာခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ – Salai Houng Aung Ling/FB

ထို့အပြင် ဧပြီ ၁၁ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့် ကျောက်အိုးရွာမှ ဒေသခံတစ်ဦးကလည်း ၎င်းတို့ရွာ၌ အိမ်ခြေ ၈၃အိမ်ရှိရာ အိမ် ၈၀ မီးလောင်ပြာကျခဲ့ပြီး ကျန်နေသည့် သုံးလုံးမှာလည်း စစ်ကောင်စီတပ်များက ဖျက်ဆီးသွားကြကြောင်း ဖြေကြားသည်။

“ပထမစစ်ကြောင်းကလည်းရှို့ပါတယ်။ ပထမ စစ်ကြောင်းက အိမ်ခြေ ၄၀ ကျော်လောက်။ နောက်ထပ်လာတဲ့ စစ်ကြောင်းက ထပ်ရှို့တာ။ အိမ်ခြေ စုစုပေါင်းက ၈၃အိမ်ရှိတယ်။ကျန်တဲ့အိမ် ၃အိမ်ပဲ” ဟု ဒေသခံက ပြောသည်။

ရွာလုံးကျွတ်မီးလောင်သွား၍ ဒေသတွင်းအလှူရှင်များက တက်အားသရွေ့လှူကြသော်လည်း ကျန်းမာရေး၊ ဆေး၊ မိုးကာ၊ အဝတ်အထည် နှင့် စားနပ်ရိက္ခာ အခက်အခဲများရှိနေသည်ဟု ၎င်းက ဆိုသည်။

“ပစ္စည်းတွေကို ရွာအပြင်မှာ သိမ်းထားတဲ့ တဲတွေကိုပါမီးရှို့တော့ ဆန်နဲ့ စားနပ်ရိက္ခာကတော့ အဓိကပေါ့” ဟု ဒေသခံက ရွာသူရွာသားများ၏ လတ်တလော လိုအပ် ချက်ကို ပြောသည်။

ဓာတ်ပုံ – Salai Houng Aung Ling/FB

ရေအခက်အခဲရှိ၍ နေရာတိုင်း သွားနေ၍မရဘဲ ကန်များရှိရာနေရာများ၌ နေထိုင်နေကြရကြောင်း ၎င်းက ဆို သည်။

“ဝမ်းနည်းလည်း ဝမ်းနည်းတယ် ဒေါသလည်းထွက်တယ်။ ခံပြင်းတယ်ပေါ့။ဘာကြောင့်လဲဆိုတော့ ကိုယ့်ပြည်သူတွေ အချင်းချင်းကို သူတို့က ဒီလောက်တောင်လုပ်တယ်ဆိုတော့ ဘာပြောကောင်းမလဲဗျာ”ဟု ကျောက်အိုးရွာခံက ပြောသည်။

အပြစ်မရှိဘဲ အသတ်ခံရသူများ၊ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး၌ အသက်ပေးသွားရသူများ ၊ ရဲဘော်များကို ဂါရ၀ပြုသည်ဟုလည်း ကျောက်အိုးရွာခံက ပြောသည်။

စစ်ကောင်စီတပ်သည် ပေါက်မြို့နယ်ရှိ ကျေးရွာများအပြင် ဆက်စပ်ဒေသရှိ ဆိပ်ဖြူမြို့နယ်မှ ကျေးရွာများနှင့်ပခုက္ကူမြို့နယ်ရှိ ကျေးရွာအချို့တို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။