Connect with us

Hi, what are you looking for?

News

ကရင်နီဒေသတိုက်ပွဲများတွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား ၁,၀၀၀ ကျော်ရှိလာဟု PKPF ထုတ်ပြန်

တိုက်ပွဲများ၌ အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှု (၁၁၈)ကြိမ်ရှိကြောင်း ထုတ်ပြန်ထားသည်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသ၌ ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ သေဆုံးသူ ၁,၀၆၅ ဦးရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့ သတင်းထုတ်ပြန်သည်။

၂၀၂၁ ဖေဖာဝါရီ ၁ရက်မှ ၂၀၂၂ ဧပြီ ၃၀ရက်အထိ ကရင်နီဒေသ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရမှု အခြေအနေများကို PKPFက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မေလ ၂၀ရက်မှစ၍ ကရင်နီဒေသ၌ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်သည့် တိုက်ပွဲများ ပေါ်ပေါက်လာရာ တိုက်ပွဲစုစုပေါင်း ၂၇၄ ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်များနှင့် တော်လှန်ရေးအင်အားစုများက တော်လှန်တိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများအတွင်း နှင့် စစ်ကောင်စီတပ်၏ အကြမ်းဖက် တိုက်ခိုက်မှု ထိုးစစ်ဆင်မှုများကြောင့် KNDF၊ PDFနှင့် KA တပ်ဖွဲ့ဝင် စုစုပေါင်း ၁၁၆ဦး ကျဆုံးခဲ့သည်ဟုဖော်ပြထားသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သားပြည်သူ ၂၆၂ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်သည်။ ထို့ပြင် စစ်ကောင်စီတပ်က မတရားဖမ်းဆီးခဲ့သည့် ပြည်သူ ၂၃၀ ကျော်ရှိသည်ဟုဆိုသည်။

တိုက်ပွဲများ၌ အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှု (၁၁၈)ကြိမ်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ မီးရှို့မှုများကြောင့် ဘာသာရေး အဆောက်အအုံ ၁၇လုံးနှင့် ပြည်သူလူထု နေအိမ် ၁,၀၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်ထိ ကရင်နီဒေသရှိ ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ ဘောလခဲ မြို့နယ်များနှင့် ရှမ်း-ကယား နယ်စပ် ဖယ်ခုံမြို့နယ်တို့၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။