Connect with us

Hi, what are you looking for?

LuduNwayOo

News

တော်လှန်ရေးရဲဘော်များ၏ စားဝတ်နေရေး ​ထောက်ပံ့မှုအစီအစဥ်စတင်ပြီဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး ပြော

အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်ရာတွင် ကရင်နီဒေသမှာအရေးပါသည့် နယ်မြေဖြစ်သည့်အတွက် ပြည်တွင်း၊ပြည်ပ ပြည်သူလူထုအနေဖြင့် ယခုထက်ပိုမိုထောက်ပံ့ပေးရန်လည်း KDFက တိုက်တွန်းသည်။

တော်လှန်ရေးရဲဘော်များ၏ စားဝတ်နေရေး အခက်အခဲများအား ပြန်လည်ဖေးမခြင်းအစီအစဥ် စတင်ပြီဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF) မှတာဝန်ရှိသူက People’s Springသို့ ပြောသည်။

အဆိုပါအစီအစဥ်အရ (KDF)တပ်ဖွဲ့အတွင်းရှိ ရဲဘော်များ၏ အိမ်ထောင်စု မိသားစုများအား တစ်လလျှင် ဆန်တစ်အိတ် ၊ ဆီ၊ ၅သောင်းကျပ်နှင့် အိမ်ထောင်မရှိသော ရဲဘော်များ၏ ခံစားခွင့်မှာ တစ်လလျှင် နှစ်သောင်းကျပ် နှုန်း ထောက်ပံ့မည်ဖြစ်သည်။

“ကျွန်တော်တို့ အဲဒီအစီအစဥ်လုပ်နေတာ ကြာပြီ။ဒါပေမယ့် ဒီလကစပြီးမှ အကောင်အထည် ဖော်နိုင်တာ။တော်လှန်ရေးကာလကလည်း ကြာလာပြီဆိုတော့ ရဲဘော်တွေရဲ့ စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးဖို့နဲ့ သူတို့ရဲ့မိသားစုအပေါ် ပြန်ကြည့်နိုင်ဖို့ ရည်ရွယ်တာပါ”ဟု KDF တာဝန်ရှိသူက ရှင်းပြသည်။

ထို့အပြင် KDF ရဲဘော်များ၏မိသားစုဝင် အများစုမှာ စစ်ဘေးတိမ်ရှောင်နေရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

KDF အနေဖြင့် အာဏာသိမ်းစစ်တပ်ကို တွန်းလှန်တိုက်ခိုက်ခဲ့သည်မှာ တစ်နှစ်ပြည်တော့မည်ဖြစ်ပြီး လက်ရှိတွင် “ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု (K.R.U)”အဖွဲ့ဝင် အဖြစ်ပါဝင်ကာ စစ်ကောင်စီကို ပိုမိုတိုက်ခိုက်နိုင်ရန် စီစဥ်နေသည်ဟုအသိပေးသည်။

အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်ရာတွင် ကရင်နီဒေသမှာအရေးပါသည့် နယ်မြေဖြစ်သည့်အတွက် ပြည်တွင်း၊ပြည်ပ ပြည်သူလူထုအနေဖြင့် ယခုထက်ပိုမိုထောက်ပံ့ပေးရန်လည်း KDFက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှု အကျိုးဆက်များအနက် တစ်ခုဖြစ်သည့် မြေမြှုပ်မိုင်းများကြောင့် ကရင်နီပြည်အတွင်း အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးရမှုများမှာ သိသိသာသာ တိုးပွားလာသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။