Connect with us

Hi, what are you looking for?

News

တော်လှန်ရေးရဲဘော်များ၏ စားဝတ်နေရေး ​ထောက်ပံ့မှုအစီအစဥ်စတင်ပြီဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး ပြော

အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်ရာတွင် ကရင်နီဒေသမှာအရေးပါသည့် နယ်မြေဖြစ်သည့်အတွက် ပြည်တွင်း၊ပြည်ပ ပြည်သူလူထုအနေဖြင့် ယခုထက်ပိုမိုထောက်ပံ့ပေးရန်လည်း KDFက တိုက်တွန်းသည်။

တော်လှန်ရေးရဲဘော်များ၏ စားဝတ်နေရေး အခက်အခဲများအား ပြန်လည်ဖေးမခြင်းအစီအစဥ် စတင်ပြီဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF) မှတာဝန်ရှိသူက People’s Springသို့ ပြောသည်။

အဆိုပါအစီအစဥ်အရ (KDF)တပ်ဖွဲ့အတွင်းရှိ ရဲဘော်များ၏ အိမ်ထောင်စု မိသားစုများအား တစ်လလျှင် ဆန်တစ်အိတ် ၊ ဆီ၊ ၅သောင်းကျပ်နှင့် အိမ်ထောင်မရှိသော ရဲဘော်များ၏ ခံစားခွင့်မှာ တစ်လလျှင် နှစ်သောင်းကျပ် နှုန်း ထောက်ပံ့မည်ဖြစ်သည်။

“ကျွန်တော်တို့ အဲဒီအစီအစဥ်လုပ်နေတာ ကြာပြီ။ဒါပေမယ့် ဒီလကစပြီးမှ အကောင်အထည် ဖော်နိုင်တာ။တော်လှန်ရေးကာလကလည်း ကြာလာပြီဆိုတော့ ရဲဘော်တွေရဲ့ စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးဖို့နဲ့ သူတို့ရဲ့မိသားစုအပေါ် ပြန်ကြည့်နိုင်ဖို့ ရည်ရွယ်တာပါ”ဟု KDF တာဝန်ရှိသူက ရှင်းပြသည်။

ထို့အပြင် KDF ရဲဘော်များ၏မိသားစုဝင် အများစုမှာ စစ်ဘေးတိမ်ရှောင်နေရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

KDF အနေဖြင့် အာဏာသိမ်းစစ်တပ်ကို တွန်းလှန်တိုက်ခိုက်ခဲ့သည်မှာ တစ်နှစ်ပြည်တော့မည်ဖြစ်ပြီး လက်ရှိတွင် “ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု (K.R.U)”အဖွဲ့ဝင် အဖြစ်ပါဝင်ကာ စစ်ကောင်စီကို ပိုမိုတိုက်ခိုက်နိုင်ရန် စီစဥ်နေသည်ဟုအသိပေးသည်။

အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်ရာတွင် ကရင်နီဒေသမှာအရေးပါသည့် နယ်မြေဖြစ်သည့်အတွက် ပြည်တွင်း၊ပြည်ပ ပြည်သူလူထုအနေဖြင့် ယခုထက်ပိုမိုထောက်ပံ့ပေးရန်လည်း KDFက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တို့အကြား အပြန်အလှန် လေးစားမှု၊တန်းတူညီမျှမှုတွေနဲ့ ပိုမိုခိုင်မာစွာ လက်တွဲဆောင်ရွက်ဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ပါတယ်။

သတင်း

ရှေ့ဆက်ရမယ့်တော်လှန်ရေးခရီးကြမ်းမှာ တော်လှန်ရေးအင်အားစုများအကြား သွေးခွဲစကားတွေနဲ့ စိန်ခေါ်မှုတွေကို ညီညွတ်သော စွမ်းအားနဲ့ ကျော်လွှားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်ပါတယ်။