Connect with us

Hi, what are you looking for?

News

တော်လှန်ရေးရဲဘော်များ၏ စားဝတ်နေရေး ​ထောက်ပံ့မှုအစီအစဥ်စတင်ပြီဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး ပြော

အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်ရာတွင် ကရင်နီဒေသမှာအရေးပါသည့် နယ်မြေဖြစ်သည့်အတွက် ပြည်တွင်း၊ပြည်ပ ပြည်သူလူထုအနေဖြင့် ယခုထက်ပိုမိုထောက်ပံ့ပေးရန်လည်း KDFက တိုက်တွန်းသည်။

တော်လှန်ရေးရဲဘော်များ၏ စားဝတ်နေရေး အခက်အခဲများအား ပြန်လည်ဖေးမခြင်းအစီအစဥ် စတင်ပြီဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF) မှတာဝန်ရှိသူက People’s Springသို့ ပြောသည်။

အဆိုပါအစီအစဥ်အရ (KDF)တပ်ဖွဲ့အတွင်းရှိ ရဲဘော်များ၏ အိမ်ထောင်စု မိသားစုများအား တစ်လလျှင် ဆန်တစ်အိတ် ၊ ဆီ၊ ၅သောင်းကျပ်နှင့် အိမ်ထောင်မရှိသော ရဲဘော်များ၏ ခံစားခွင့်မှာ တစ်လလျှင် နှစ်သောင်းကျပ် နှုန်း ထောက်ပံ့မည်ဖြစ်သည်။

“ကျွန်တော်တို့ အဲဒီအစီအစဥ်လုပ်နေတာ ကြာပြီ။ဒါပေမယ့် ဒီလကစပြီးမှ အကောင်အထည် ဖော်နိုင်တာ။တော်လှန်ရေးကာလကလည်း ကြာလာပြီဆိုတော့ ရဲဘော်တွေရဲ့ စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးဖို့နဲ့ သူတို့ရဲ့မိသားစုအပေါ် ပြန်ကြည့်နိုင်ဖို့ ရည်ရွယ်တာပါ”ဟု KDF တာဝန်ရှိသူက ရှင်းပြသည်။

ထို့အပြင် KDF ရဲဘော်များ၏မိသားစုဝင် အများစုမှာ စစ်ဘေးတိမ်ရှောင်နေရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

KDF အနေဖြင့် အာဏာသိမ်းစစ်တပ်ကို တွန်းလှန်တိုက်ခိုက်ခဲ့သည်မှာ တစ်နှစ်ပြည်တော့မည်ဖြစ်ပြီး လက်ရှိတွင် “ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု (K.R.U)”အဖွဲ့ဝင် အဖြစ်ပါဝင်ကာ စစ်ကောင်စီကို ပိုမိုတိုက်ခိုက်နိုင်ရန် စီစဥ်နေသည်ဟုအသိပေးသည်။

အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်ရာတွင် ကရင်နီဒေသမှာအရေးပါသည့် နယ်မြေဖြစ်သည့်အတွက် ပြည်တွင်း၊ပြည်ပ ပြည်သူလူထုအနေဖြင့် ယခုထက်ပိုမိုထောက်ပံ့ပေးရန်လည်း KDFက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။