Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က MRAစခန်းလာ​ရောက်စီးနင်းချိန်တိုက်ပွဲအပြင်းအထန်ဖြစ်၍ စစ်သား၃ဦး​သေ ၊အများအပြားဒဏ်ရာရ

တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်မှ Drone များဖြင့် တိုက်ခိုက်ခဲ့ပြီး MRAကလည်း Drone ဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း၊အကြမ်းဖက်အုပ်စုမှာ ဒဏ်ရာရသူများ ကို ထမ်းသယ်‌၍ စခန်းမှ ဆုတ်ခွာသွားကြောင်း MRAက ပြောသည်။

မြောင် MRA PDF စခန်းလာရောက်စီးနင်းသည့် အကြမ်းဖက်စစ်တပ်အား နှစ်ကြိမ်တိုင် ပြန်လည်ခုခံတိုက်ခိုက်ရာ အကြမ်းဖက်အုပ်စုမှ ၃ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း Myaung Revolution Army (MRA)က သတင်းထုတ်ပြန်သည်။

မေလ (၁) ရက်နေ့ နံနက် (၇:၀၀) ခန့်က အကြမ်းဖက်စစ်တပ်နှင့်ရဲ အင်အား တစ်ရာကျော်ခန့်သည် လက်နက်ကြီး လက်နက်ငယ် တို့ဖြင့် Myaung Revolution Army (MRA) ဌာနချုပ် စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်။

ရဲဘော်များအားလုံး ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ပြီး MRA စခန်းရှိ တဲများအား အကြမ်းဖက်အုပ်စုမှ မီးရှို့ဖျက်ဆီးနေစဉ်တွင် ပဒေသာမိုင်းများဖြင့် ပြန်လည်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း MRAက ပြောသည်။ယင်း တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်သား (၁၄)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရသွားပြီး (၃) ဦးမှာ နေရာတွင် ‌သေဆုံးခဲ့သည်ဟု​ဖော်ပြထားသည်။

တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်မှ Drone များဖြင့် တိုက်ခိုက်ခဲ့ပြီး MRAကလည်း Drone ဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း၊အကြမ်းဖက်အုပ်စုမှာ ဒဏ်ရာရသူများ ကို ထမ်းသယ်‌၍ စခန်းမှ ဆုတ်ခွာသွားကြောင်း MRAက ပြောသည်။

Public Service Announcement

Public Service Announcement

ဆုတ်ခွာသွားသည့် အကြမ်းဖက်အုပ်စုကို ဒရုန်း​ဖြင့် ထပ်မံတိုက်ခိုက်ရာ စစ်‌ကောင်စီ တပ်သား (၅) ဦး ပြင်းထန်ဒဏ်ရာ ရရှိပြီး စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် ပြန်လည် ပစ်ခတ်ခဲ့သ​ည်ဟု MRAက ဆိုသည်။

ယမန်နေ့ မေလ ၂ ရက်နေ့ နံနက်ပိုင်းက မြောင် PDF နှင့် မဟာမိတ် အဖွဲ့ ၂၅ဖွဲကျော် စု​ပေါင်း၍ ၃နာရီခွဲကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၃၅နှင့် ၄၀ကြားသေဆုံးခဲ့သည်ဟု မြောင် PDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။