Connect with us

Hi, what are you looking for?

News

လက်ပံ​တောင်း​တောင်စီမံကိန်း အင်အားဖြည့်ရန်လာသည့် စစ်​ကောင်စီတပ် တိုက်ခိုက်ခံရပြီး နှစ်ဦး​သေ၊ ၁၅ဦးခန့်​​ထိခိုက်

PDF အဖွဲ့များ၏ သတိပေးထုတ်ပြန်ချက်အရ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား မေလ ၅ ရက်နေ့ နောက်ဆုံးထား၍ ရပ်ဆိုင်းပေးရန်၊ ဝန်ထမ်းများအနေဖြင့်လည်း မေလ ၅ ရက်နေ့ နောက်ဆုံးထား၍ CDM ပြုလုပ်သွားကြရန်နှင့် မလိုက်နာပါက တိုက်ခိုက်သွားမည်ဟု သတိပေးသည်။

(ဝမ်ပေါင်ကုမ္ပဏီက ဆောင်ရွက်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖြစ်သည်။)

စစ်ကိုင်းတိုင်းအတွင်း၌ အကြမ်းဖက်စစ်အုပ်စုနှင့် တရုတ် ကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်နေသည့် လက်ပံ​တောင်းတောင် ကြေးနီစီမံကိန်းသို့ အင်အားဖြည့်တင်းရန်လာ​သော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ နှစ်ဦးသေပြီး ၁၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။

တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီမှ လုပ်​ဆောင်နေသည့် လက်ပံ​တောင်းတောင်ကြေးနီးစီမံကိန်းရပ်ဆိုင်းရန် ဆာလင်းကြီး – ယင်းမာပင်ရှိ PDF ၁၆ ဖွဲ့က သတိပေးပြီးနောက် အကြမ်းဖက်စစ်အုပ်စုက လုံခြုံရေးအင်အား တိုးမြှင့်နေခြင်း ဖြစ်သည်။

ထို့ကြောင့် မုံရွာကွန်ပျူတာတက္ကသိုလ်မှ ထွက်လာသည့် စစ်ကောင်စီကားသုံးစီးကို ယနေ့(မေ ၄ ရက်) နံနက် ၅ နာရီခန့်က ဆားလင်းကြီး မြို့နယ် စံပယ်အိမ်ယာအနီး မိုင်းသုံးလုံးဆွဲ၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(ဝမ်ပေါင်ကုမ္ပဏီက ဆောင်ရွက်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖြစ်သည်။)

“NRF နဲ့ Alpha Special ForcePDF အဖွဲ့က မိုင်း ဆွဲတိုက်ခိုက်ခဲ့တာပါ။တစ်စီးက ထိထိမိမိရှိခဲ့တယ်။ရခ ရော စခ တွေရောပါတယ်”ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုဖြစ်စဥ်ကြောင့် ဆားလင်းကြီးမြို့မှ တပ်ကူအဖြစ်ထွက်လာသည့် စစ်ကောင်စီကား တစ်စီးကို ဒူးထောက်ရွာအနီး ဒေသခံ ပြောက် ကျားတပ်မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း ၎င်းက ရှင်းပြသည်။

“ဝမ်ပေါင်ထဲကနေ လက်နက်ကြီးများနဲ့ ရမ်းပစ်နေပါတယ်။ ဒေသခံပြည်သူများအိမ်ရာစွန့်ခွာပြီးထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။”ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကလက်ပန်တောင်းအရှေ့ဘက်ခြမ်းရှိ ရွှေလှေ၊ မိုးကြိုးပြင်၊ ဖောင်းကားနှင့် ကန်တော ရွာတစ်ဝိုက်တွင် စစ်ဆေးမှုများရှိနေသည်ဟု သိရသည်။

ထိုဖြစ်စဥ်ကြောင့် လက်ပတောင်းအရှေ့ဘက် ရွှေလှေရွာအနီး၊ဖောင်းကတာရွာ၊ မိုးကြိုးပြင်ရွာ၊ဖောင်းကားရွာ၊ ကန်တောရွာတဝိုက်တို့တွင်ကင်းပုန်းများချထားကြောင်း၊ မုံရွာဘက်ကမ်းမှလည်း အင်အားများ ထပ်ဖြည့်ရန်ကူးလာပြီး လက်ပတောင်းတစ်ဝိုက်တွင် အကြမ်းဖက်စစ်တပ်က ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

PDF အဖွဲ့များ၏ သတိပေးထုတ်ပြန်ချက်အရ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား မေလ ၅ ရက်နေ့ နောက်ဆုံးထား၍ ရပ်ဆိုင်းပေးရန်၊ ဝန်ထမ်းများအနေဖြင့်လည်း မေလ ၅ ရက်နေ့ နောက်ဆုံးထား၍ CDM ပြုလုပ်သွားကြရန်နှင့် မလိုက်နာပါက တိုက်ခိုက်သွားမည်ဟု သတိပေးသည်။

တရုတ်အစိုးရအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းလျှင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများမှာ တော်လှန်ရေးပစ်မှတ် ဖြစ်လာနိုင်ကြောင်းလည်း သတိပေးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။