Connect with us

Hi, what are you looking for?

LuduNwayOo

News

မူဆယ်တွင် ရှမ်းပြည်ညီညွတ်ရေးကော်မတီအတွင်းရေး မှူးအဖွဲ့ဝင်တစ်ဦး စစ်​ကောင်စီတပ်၏ ပေါ်တာဆွဲခံရပြီး​နောက် သေဆုံး

အကြမ်းဖက်စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAတိုက်ပွဲ ဖြစ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးနှင့်ပေါ်တာဆွဲခံရသူနှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ၏ ပေါ်တာစွဲခံရပြီးနောက် တိုက်ပွဲအတွင်း သေဆုံးသွားသူနှစ်ဦးအနက်တစ်ဦးသည် ရှမ်းပြည်ညီညွတ်ရေးကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်လူငယ်တစ်ဦးဖြစ်နေပြီး ယင်းအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိရန် သေဆုံးသူ၏ မိတ်ဆွေများက တောင်းဆိုလိုက်သည်။

ယမန်နေ့(မေလ ၄ရက်) ညနေက ရှမ်းပြည်ညီညွတ်ရေးကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းစံလှနှင့်အခြားအမျိုးသားတစ်ဦးစီးလာသည့်ကားကို မူဆယ်မြို့နယ် မော့တောင်းရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီက ပေါ်တာဆွဲသွားပြီးနောက် မကြာမီ တိုက်ပွဲဖြစ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAတိုက်ပွဲ ဖြစ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးနှင့်ပေါ်တာဆွဲခံရသူနှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။

“စိုင်းစံလှက ခရီးသွားရင်းကနေ ပေါ်တာဆွဲခံရတာ။ အခု သူသေဆုံးရပြီ။ စစ်ကောင်စီ ဘာပြောမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေမယ်” ဟု စိုင်းစံလှ၏ မိတ်ဆွေတစ်ဦးက People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

စိုင်းစံလှသည် ရှမ်းလူငယ်ကွန်ရက်(Tai Youth Network -TYN)၏ ဦးဆောင်ကော်မတီဝင်လည်းဖြစ်သည်။ စိုင်းစံလှသေဆုံးခြင်းသည် TYNအတွက် ကြီးမားသည့်ဆုံးရှုံးမှုဟု ရှမ်းတိုင်းရင်းသားလူငယ်အချို့က ပြောသည်။

“အရပ်သားတွေကို စစ်တပ်ကပေါ်တာဆွဲတာ သိပ်ဆိုးရွားနေတဲ့ ပြဿနာ။ ဒါကို စစ်တပ်ခေါင်းဆောင်တွေ ဝန်ခံရမယ်။ တာဝန်ခံရမယ်”ဟု အရပ်ဘက်အရေးဆောင်ရွက်သူတစ်ဦးက မှတ်ချက်ပြုသည်။

မူဆယ်မြို့နယ် မော့တောင်းရွာအနီးတွင် ရုတ်တရက်ကွယ်လွန်ခဲ့သည့် စိုင်းစံလှ၏ဖြစ်ရပ်အတွက် မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်ရဲဘော်များအားလုံးနှင့်ထပ်တူ ဝမ်းနည်းကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီက ယနေ့ (မေလ၅ရက်) သဝဏ်လွှာပေးပို့ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။