Connect with us

Hi, what are you looking for?

News

မူဆယ်တွင် ရှမ်းပြည်ညီညွတ်ရေးကော်မတီအတွင်းရေး မှူးအဖွဲ့ဝင်တစ်ဦး စစ်​ကောင်စီတပ်၏ ပေါ်တာဆွဲခံရပြီး​နောက် သေဆုံး

အကြမ်းဖက်စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAတိုက်ပွဲ ဖြစ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးနှင့်ပေါ်တာဆွဲခံရသူနှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ၏ ပေါ်တာစွဲခံရပြီးနောက် တိုက်ပွဲအတွင်း သေဆုံးသွားသူနှစ်ဦးအနက်တစ်ဦးသည် ရှမ်းပြည်ညီညွတ်ရေးကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်လူငယ်တစ်ဦးဖြစ်နေပြီး ယင်းအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိရန် သေဆုံးသူ၏ မိတ်ဆွေများက တောင်းဆိုလိုက်သည်။

ယမန်နေ့(မေလ ၄ရက်) ညနေက ရှမ်းပြည်ညီညွတ်ရေးကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းစံလှနှင့်အခြားအမျိုးသားတစ်ဦးစီးလာသည့်ကားကို မူဆယ်မြို့နယ် မော့တောင်းရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီက ပေါ်တာဆွဲသွားပြီးနောက် မကြာမီ တိုက်ပွဲဖြစ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAတိုက်ပွဲ ဖြစ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးနှင့်ပေါ်တာဆွဲခံရသူနှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။

“စိုင်းစံလှက ခရီးသွားရင်းကနေ ပေါ်တာဆွဲခံရတာ။ အခု သူသေဆုံးရပြီ။ စစ်ကောင်စီ ဘာပြောမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေမယ်” ဟု စိုင်းစံလှ၏ မိတ်ဆွေတစ်ဦးက People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

စိုင်းစံလှသည် ရှမ်းလူငယ်ကွန်ရက်(Tai Youth Network -TYN)၏ ဦးဆောင်ကော်မတီဝင်လည်းဖြစ်သည်။ စိုင်းစံလှသေဆုံးခြင်းသည် TYNအတွက် ကြီးမားသည့်ဆုံးရှုံးမှုဟု ရှမ်းတိုင်းရင်းသားလူငယ်အချို့က ပြောသည်။

“အရပ်သားတွေကို စစ်တပ်ကပေါ်တာဆွဲတာ သိပ်ဆိုးရွားနေတဲ့ ပြဿနာ။ ဒါကို စစ်တပ်ခေါင်းဆောင်တွေ ဝန်ခံရမယ်။ တာဝန်ခံရမယ်”ဟု အရပ်ဘက်အရေးဆောင်ရွက်သူတစ်ဦးက မှတ်ချက်ပြုသည်။

မူဆယ်မြို့နယ် မော့တောင်းရွာအနီးတွင် ရုတ်တရက်ကွယ်လွန်ခဲ့သည့် စိုင်းစံလှ၏ဖြစ်ရပ်အတွက် မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်ရဲဘော်များအားလုံးနှင့်ထပ်တူ ဝမ်းနည်းကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီက ယနေ့ (မေလ၅ရက်) သဝဏ်လွှာပေးပို့ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။