Connect with us

Hi, what are you looking for?

News

အာဏာသိမ်းစစ်ခေါင်းဆောင်၏အင်းယားလမ်းအိမ်ကို စတင်ရောင်းချတော့မည်၊ရှယ်ယာတစ်စုလျှင် ​ဒေါ်လာတစ်ရာဖြင့်ဝယ်ယူနိုင်မည်

ယခုကြိုပွိုင့်ရောင်းချရာတွင် ကာလတန်ကြေး ၃ ပုံ ၁ ပုံ ဖြစ်သည့် ဒေါ်လာ ၁၀ သန်းသာတန်ဖိုး ဖြတ်၍ ထိုဒေါ်လာ ၁၀ သန်းကို အစုရှယ်ယာ​ပေါင်း တစ်သိန်းကို ရှယ်ယာတစ်စုလျှင် ဒေါ်လာ ၁၀၀ဖြင့်​ရောင်းချမည်ဖြစ်ပြီး ပြည်သူများဝယ်ယူနိုင်မည်ဟုသိ့ရသည်။

အင်းယားလမ်း အိမ်အမှတ် ၁၄ တွင်​နေအိမ်အပြင်​ရေကူးကန်နှင့် အားကစားလုပ်နိုင်​သော မြက်ခင်းပြင်ပါ ပါဝင်သည်။

ဝယ်ယူလိုသူ ပြည်သူနှစ်သောင်းခန့်က ငွေကျပ် ၃၄ ဘီလီယံကျော်ဖြင့် အဆိုပြုထား

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အင်းလျားလမ်း ခြံအမှတ် ၁၄ နေအိမ်ကို အများပြည်သူဝယ်ယူနိုင်ရန် ကြိုပွိုင့်ဖြင့် စတင်ရောင်းချတော့မည်ဖြစ်ကြောင်း NUG က ကြေညာလိုက်သည်။

ယခုကြိုပွိုင့်ရောင်းချရာတွင် ကာလတန်ကြေး ၃ ပုံ ၁ ပုံ ဖြစ်သည့် ဒေါ်လာ ၁၀ သန်းသာတန်ဖိုး ဖြတ်၍ ထိုဒေါ်လာ ၁၀ သန်းကို အစုရှယ်ယာ​ပေါင်း တစ်သိန်းကို ရှယ်ယာတစ်စုလျှင် ဒေါ်လာ ၁၀၀ဖြင့်​ရောင်းချမည်ဖြစ်ပြီး ပြည်သူများဝယ်ယူနိုင်မည်ဟုသိ့ရသည်။

NUG ၏ ​ကြေညာချက်

မင်းအောင်လှိုင်မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင်မြေသည် ရန်ကုန်မြို့အင်ယားလမ်း အမှတ် ၁၄ ​မြေကွက်ဖြစ်သည်။ ၁.၈၆ ဧကကျယ်ဝန်းပြီး ကာလပေါက်စျေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် တန်ကြေးရှိပြီး ယခုရောင်းချချိန်တွင် ကာလတန်ကြေး၏ ၃ ပုံ ၁ ပုံ ၊ ဒေါ်လာ ၁၀ သန်း တန်ဖိုးဖြတ်၍ အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချသွားမည်ဖြစ်ကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားပြီး ကမ္ဘာတလွှားရှိ ဆက်သွယ်ဝယ်ယူရရှိနိုင်မည့် ကိုယ်စားလှယ်အမည်စာရင်းနှင့် စတင်ရောင်းချမည့်အချိန်အား သီးခြားထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။

အဆိုပါအိမ်ခြံရောင်းချနိုင်ရေးအတွက် ပြည်သူ့ဆန္ဒကောက်ယူမှု စစ်တမ်း တစ်ခုပြုလုပ်ခဲ့ရာ စစ်တမ်းကောက်ယူမှု ၆ ရက်အတွင်း စုစုပေါင်း ဆန္ဒပြုသူ တစ်သောင်းရှစ်ထောင်ကျော်၏ ၉၇ ရာခိုင်နှုန်း ကျော်က ဝယ်ယူမည်ဟု ဆန္ဒပြုခဲ့သည်ဟု NUG က ထုတ်ပြန်သည်။

ဝယ်ယူရန် အဆိုပြုပမာဏ စုစုပေါင်းမှာ ငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) ခန့် ရှိသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မတရားသဖြင့်ရယူထားသော အိမ်ခြံရောင်းချမှု သည် အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်၏ ကနဦးခြေလှမ်းအဖြစ်လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းအတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ ခိုင်မာပြတ်သားသောသန္နိဋ္ဌာန်ဖြင့် ပူးပေါင်း ပါဝင်ဝယ်ယူကြသူအားလုံးကို လေးစားဂုဏ်ပြု ဦးညွှတ်ကြောင်း NUG က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။