Connect with us

Hi, what are you looking for?

News

PDFများက ​လောင်းလုံးမြို့နယ် သကျက်​တောနယ်​မြေရဲစခန်းကို ၆ နာရီကြာတိုက်ခိုက်

ထိုတိုက်ပွဲမှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားကျဆုံးမူကို အတည်အပြုနိုင်သေးကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု​ဒေသခံကာကွယ်​ရေးတပ်များနှင့်နီးစပ်သူက​ပြောသည်။

●ရဲစခန်းတိုက်ခိုက်ခံရသဖြင့် စစ်​ကောင်စီတပ်​ရေ​ကြောင်း၊ကုန်​ကြောင်းမှအင်အားအများအပြားတိုးထား

လောင်းလုံးမြို့ သကျက်တော နယ်မြေရဲစခန်းကို​PDFများက ယမန်​နေ့ညတွင် ​ခြောက်နာရီကြာ တိုက်ခိုက်ပြီးနောက် လောင်းလုံးမြို့အတွင်း ရေကြောင်းနှင့် ကုန်းလမ်းမှစစ်ကောင်စီတပ်များ အင်အားဖြည့်တင်းနေကြောင်း ဒေသခံကာကွယ်ရေးတပ်များထံ မှသိရသည်။

သကျက်တော နယ်မြေရဲစခန်းကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ပ.က.ဖ-လောင်းလုံ)နှင့် နယ်မြေခံပျောက်ကြားအဖွဲ့တို့က ယမန့်နေ့(မေ ၅ရက်)ည ၁၀နာရီမှ ယနေ့(မေ၆ရက်) မနက် လေးနာရီ အထိ စခန်းသိမ်းရန် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုသို့ဝင်ရောက်တိုက်ခိုက်ချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရေကြောင်းနှင့်ကုန်းလမ်းကပါ အင်အားဖြည့်တင်းလာပြီး လက်နက်အင်အားမမျှခြင်းကြောင့် ဒေသခံကာကွယ်ရေးတပ်များ စခန်းမသိမ်းနိုင်ဘဲ​အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့​ကြောင်းဒေသခံကာကွယ်ရေးတပ်များနှင့်နီးစပ်သူများကပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲမှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားကျဆုံးမူကို အတည်အပြုနိုင်သေးကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု​ဒေသခံကာကွယ်​ရေးတပ်များနှင့်နီးစပ်သူက​ပြောသည်။

“ဒီစခန်းကိုဝင်သိမ်းမယ်ကြားလို့ ည ၆နာရီလောက်ကတည်း သတင်းကောင်းစောင့်နေတယ်။ အင်အား အဆမတန်တိုးချထားတာတော့ကော ၊ စစ်ကူလာတာကြောင့် PDFတွေ ဆုတ်သွားတယ်ကြားတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုရဲစခန်းကိုတောင် ဝင်ပစ်နိုင်တာ PDFတွေ အရမ်းတော်တယ်”ဟုလောင်းလုံးမြို့ခံတစ်ဦးကပြောသည်။

PDFများကစခန်းကိုဝင်​ရောက်စီးနင်းတိုက်ခိုက်ချိန်တွင်​သွေးသစ္စာ သီးချင်းဆို၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းလည်း ​ဒေသတွင်းသတင်းဌာနဖြစ်​​သော တနသာ်ရီတိုင်းက​ဖော်ပြသည်။

ရဲကင်းစခန်းအတိုက်ခံရပြီး​နောက်လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များက အင်အားအများအပြားဖြည့်တင်းနေသည်ဟု ဒေသခံများကပြောသည်။ ထိုအပြင်​ဒေသခံများမှာစစ်​ကောင်စီတပ်များဝင်လာ၍ ရွာမှထွက်​ပြေးတိမ်း​ရှောင်​နေပြီး​ စစ်​ကောင်စီတပ်က​နေအိမ်များကို ဝင်​ရောက်​မွေ​နှောက်ဖျက်ဆီး​နေကာ ဒေသခံအချို့ဖမ်းဆီးခံရ​ကြောင်းလည်း သိ့ရသည်။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)က မေ ၆ ရက်မှ မေ ၈ ရက်အထိ ၃ ရက်အကြာ လောင်းလုံးမြို့နယ်အတွင်း ခရီးသွားလာခြင်းမပြုရန် အသိပေးတားမြစ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။