Connect with us

Hi, what are you looking for?

News

PDFများက ​လောင်းလုံးမြို့နယ် သကျက်​တောနယ်​မြေရဲစခန်းကို ၆ နာရီကြာတိုက်ခိုက်

ထိုတိုက်ပွဲမှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားကျဆုံးမူကို အတည်အပြုနိုင်သေးကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု​ဒေသခံကာကွယ်​ရေးတပ်များနှင့်နီးစပ်သူက​ပြောသည်။

ရဲစခန်းတိုက်ခိုက်ခံရသဖြင့် စစ်​ကောင်စီတပ်​ရေ​ကြောင်း၊ကုန်​ကြောင်းမှအင်အားအများအပြားတိုးထား

လောင်းလုံးမြို့ သကျက်တော နယ်မြေရဲစခန်းကို​PDFများက ယမန်​နေ့ညတွင် ​ခြောက်နာရီကြာ တိုက်ခိုက်ပြီးနောက် လောင်းလုံးမြို့အတွင်း ရေကြောင်းနှင့် ကုန်းလမ်းမှစစ်ကောင်စီတပ်များ အင်အားဖြည့်တင်းနေကြောင်း ဒေသခံကာကွယ်ရေးတပ်များထံ မှသိရသည်။

သကျက်တော နယ်မြေရဲစခန်းကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ပ.က.ဖ-လောင်းလုံ)နှင့် နယ်မြေခံပျောက်ကြားအဖွဲ့တို့က ယမန့်နေ့(မေ ၅ရက်)ည ၁၀နာရီမှ ယနေ့(မေ၆ရက်) မနက် လေးနာရီ အထိ စခန်းသိမ်းရန် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုသို့ဝင်ရောက်တိုက်ခိုက်ချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရေကြောင်းနှင့်ကုန်းလမ်းကပါ အင်အားဖြည့်တင်းလာပြီး လက်နက်အင်အားမမျှခြင်းကြောင့် ဒေသခံကာကွယ်ရေးတပ်များ စခန်းမသိမ်းနိုင်ဘဲ​အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့​ကြောင်းဒေသခံကာကွယ်ရေးတပ်များနှင့်နီးစပ်သူများကပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲမှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားကျဆုံးမူကို အတည်အပြုနိုင်သေးကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု​ဒေသခံကာကွယ်​ရေးတပ်များနှင့်နီးစပ်သူက​ပြောသည်။

“ဒီစခန်းကိုဝင်သိမ်းမယ်ကြားလို့ ည ၆နာရီလောက်ကတည်း သတင်းကောင်းစောင့်နေတယ်။ အင်အား အဆမတန်တိုးချထားတာတော့ကော ၊ စစ်ကူလာတာကြောင့် PDFတွေ ဆုတ်သွားတယ်ကြားတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုရဲစခန်းကိုတောင် ဝင်ပစ်နိုင်တာ PDFတွေ အရမ်းတော်တယ်”ဟုလောင်းလုံးမြို့ခံတစ်ဦးကပြောသည်။

PDFများကစခန်းကိုဝင်​ရောက်စီးနင်းတိုက်ခိုက်ချိန်တွင်​သွေးသစ္စာ သီးချင်းဆို၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းလည်း ​ဒေသတွင်းသတင်းဌာနဖြစ်​​သော တနသာ်ရီတိုင်းက​ဖော်ပြသည်။

ရဲကင်းစခန်းအတိုက်ခံရပြီး​နောက်လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များက အင်အားအများအပြားဖြည့်တင်းနေသည်ဟု ဒေသခံများကပြောသည်။ ထိုအပြင်​ဒေသခံများမှာစစ်​ကောင်စီတပ်များဝင်လာ၍ ရွာမှထွက်​ပြေးတိမ်း​ရှောင်​နေပြီး​ စစ်​ကောင်စီတပ်က​နေအိမ်များကို ဝင်​ရောက်​မွေ​နှောက်ဖျက်ဆီး​နေကာ ဒေသခံအချို့ဖမ်းဆီးခံရ​ကြောင်းလည်း သိ့ရသည်။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)က မေ ၆ ရက်မှ မေ ၈ ရက်အထိ ၃ ရက်အကြာ လောင်းလုံးမြို့နယ်အတွင်း ခရီးသွားလာခြင်းမပြုရန် အသိပေးတားမြစ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

တိုက်ပွဲ‌တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်း ဗန်းမော် -မန္တလေး ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနဲ့ ပတ်ဝန်းကျင်မှာ ဒေသခံတွေ လုံခြုံရေးအတွက် လမ်းပိုင်းကန့်သတ်ချက်အပြင် စစ်တပ်နဲ့ မဆက်သွယ်ဖို့ အမြင့်ဆုံးသတိပေးချက်ကို ကသာခရိုင်၊အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊တပ်ဖွဲ့တွေက ရဲဘော်တွေက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ​တွေဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ပြီးအ​လေးပြုခဲ့ကြပါတယ်။