Connect with us

Hi, what are you looking for?

News

ပြင်ဦးလွင်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့်ယာဥ်ကို အနက်ရောင်သေမင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား လေးဦးသေ

မေလ ၆ရက် နံနက် ၅နာရီခွဲအချိန်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကားပေါ်တွင်လိုက်ပါလာသူ ခြောက်ဦးအနက် လေးဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးအဆင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာသည့်ယာဥ်ကို ပြောက်ကျားနည်းဖြင့်တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးကြောင်း အနက်ရောင်သေမင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။

မေလ ၆ရက် နံနက် ၅နာရီခွဲအချိန်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကားပေါ်တွင်လိုက်ပါလာသူ ခြောက်ဦးအနက် လေးဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

“နှစ်ယောက်ကမသေလောက်ဘူးဗျ” ဟု ယင်းအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းစစ်ဆင်ရေးတွင် အနက်ရောင်သေမင်း အဖွဲ့သားအားလုံး အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အနက်ရောင်သေမင်းအဖွဲ့သည် မန္တလေး‌အခြေစိုက် မြို့ပြပျောက်ကြားအဖွဲ့ဖြစ်ပြီး လုံခြုံရေးအခြေအနေအရနှင့် ပြည်သူများက ပုံမှန်အတိုင်းနေထိုင်သူများလာသောကြောင့်ဟုဆိုကာ မန္တလေးမြို့ကိုစွန့်ခွာမည်ဟု မေလ ၅ ရက်က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့မှာ တော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ဒီကနေ့ (ဇွန် ၁၉) မှာ ဖော်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။