Connect with us

Hi, what are you looking for?

ဗီဒီယို

ဟစ်တလာက ဂျူးဖြစ်နိုင်တယ်ဆိုတဲ့ ဝန်ကြီး မှတ်ချက်အတွက် ပူတင် ပြန်တောင်းပန်

ပူတင်ဟာ အင်တာဗျူး တစ်ခုမှာ ဆာဂျီ လက်ဗ်ရော့ဗ် ပြောဆိုသွားတဲ့ အငြင်းပွားစရာ မှတ်ချက်အတွက် အစ္စရေး ဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်ဆီ ဖုန်းဆက်ပြီး ပြန်တောင်းပန်ခဲ့ကြောင်း အစ္စရေး အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အဒေါ့ဖ် ဟစ်တလာကလည်း ဂျူးတစ်ယောက် ဖြစ်နိုင်တယ်လို့ ပြောခဲ့တဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးရဲ့ မှတ်ချက် စကားအတွက် ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြန်တောင်းပန်ခဲ့ကြောင်း သိရပါတယ်။

ပူတင်ဟာ အင်တာဗျူး တစ်ခုမှာ ဆာဂျီ လက်ဗ်ရော့ဗ် ပြောဆိုသွားတဲ့ အငြင်းပွားစရာ မှတ်ချက်အတွက် အစ္စရေး ဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်ဆီ ဖုန်းဆက်ပြီး ပြန်တောင်းပန်ခဲ့ကြောင်း အစ္စရေး အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဂျာမန် နာဇီ စစ်ခေါင်းဆောင် ဟစ်တလာဟာ ဒုတိယ ကမ္ဘာစစ်တုန်းက ဂျူးလူမျိုး ၆ သန်းလောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ဖို့ ညွှန်ကြားခဲ့သူပါ။ ရုရှား နိုင်ငံခြားရေး ဝန်ကြီး လက်ဗ်ရော့ဗ်က ဟစ်တလာ ကိုယ်တိုင်လည်း ဂျူးအနွယ်ဝင် ဖြစ်နိုင်တယ်လို့ ပြောခဲ့တာကြောင့် ခေတ်သစ် ဂျူးနိုင်ငံဖြစ်တဲ့ အစ္စရေးက ဒေါသတကြီး တုံ့ပြန် ကန့်ကွက်ခဲ့ပါတယ်။

ယူကရိန်းကို ရုရှားက ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲနဲ့ ပတ်သက်လို့ အကြောင်းပြချက် ပေးရာမှာ လက်ဗ်ရော့ဗ်က ယူကရိန်း အစိုးရ အဖွဲ့ထဲမှာ နာဇီဝါဒ ခိုအောင်းနေတာကို ဖယ်ရှားဖို့လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်း ဝန်ကြီးချုပ် ဗိုလိုဒီမာ ဇီလန်စကီး ကိုယ်တိုင်က ဂျူးတစ်ယောက် ဖြစ်နေတာကြောင့် ဘယ်လို အကြောင်းမျိုးနဲ့ နာဇီဝါဒီလို့ သတ်မှတ်နိုင်မလဲဆိုပြီး သတင်းဌာနက မေးတဲ့အခါ လက်ဗ်ရော့ဗ်က ဂျူးတွေလည်း နာဇီဝါဒကို ယုံကြည်တာ ရှိနိုင်ကြောင်း၊ ဟစ်တလာ ကိုယ်တိုင်တောင် ဂျူးမျိုးနွယ်က ဆင်းသက်လာတာ ဖြစ်နိုင်ကြောင်း မှတ်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ဒီကိစ္စနဲ့ ပတ်သက်လို့ ရုရှား သံအမတ်ကိုပါ ဆင့်ခေါ်ပြီး တရားဝင် ဖြေရှင်း တောင်းပန်စေဖို့ တောင်းဆိုလာခဲ့ပါတယ်။ မေလ ၅ ရက်မှာတော့ လက်ဗ်ရော့ဗ်ရဲ့ အငြင်းပွားစရာ ပြောဆိုမှုအပေါ် သမ္မတ ပူတင်ကိုယ်တိုင် ဖုန်းဆက် တောင်းပန်တာကို အစ္စရေး ဝန်ကြီးချုပ်က လက်ခံရရှိခဲ့ကြောင်း၊ ပူတင်ရဲ့ တုံ့ပြန် ဖြေရှင်းမှုအတွက် ဂျူးပြည်သူတွေကိုယ်စား ကျေးဇူးတင်ပါကြောင်း အစ္စရေး အစိုးရက ထုတ်ပြန်သွားပါတယ်။

ပူတင်ရဲ့ သမ္မတရုံးကလည်း အစ္စရေး ဝန်ကြီးချုပ်ဆီ ဖုန်းဆက်ကြောင်း အစောပိုင်းမှာ သီးခြား ကြေညာချက် ထုတ်ပြန်ပေမယ့် ပူတင်က တောင်းပန်တယ် ဆိုတာမျိုးတော့ ဖော်ပြမထားပါဘူး။ ပူတင်ဟာ အစ္စရေးရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားနဲ့ ပတ်သက်လို့ ဖုန်းဆက်ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် တခြားကိစ္စတွေကိုပါ ဆွေးနွေးခဲ့တယ်လို့ ရုရှားရဲ့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီး ၇ဦးကို လူချင်းတွေ့ဆုံပြီး နိုင်ငံရေး၊ စစ်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာနဲ့ လူသားဆိုင်နာဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း NUGက ဒီကနေ့ မေလ ၂၁ရက်မှာ သတင်းထုတ်ပြန်ပါတယ်။