Connect with us

Hi, what are you looking for?

News

“နန်းထိုက်အောင်စစ်ဆင်ရေး”တစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီဝင်နှင့် ထောက်တိုင်စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်း

“စစ်ဆင်ရေးကာလအတွင်း စစ်ရေးပစ်မှတ် ၃၀၊ အုပ်ချုပ်ရေးပစ်မှတ် ၂၃၊ စီးပွားရေးပစ်မှတ် ၅ခုတို့ကို ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုတွေဆောင် ရွက်နိုင်ခဲ့ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးကို အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် အစီအစဉ်များ ချမှတ်ထားဟုဆို

“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”စတင်ပြီး တစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ယခုနှစ် ဧပြီ၈ရက်က စတင်ခဲ့သော “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”သည် ယနေ့ (မေလ၈ ရက်)တွင် တစ်လပြည့်မြောက်​ခြင်း ဖြစ်သည်။

“စစ်ဆင်ရေးကာလအတွင်း စစ်ရေးပစ်မှတ် ၃၀၊ အုပ်ချုပ်ရေးပစ်မှတ် ၂၃၊ စီးပွားရေးပစ်မှတ် ၅ခုတို့ကို ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုတွေဆောင် ရွက်နိုင်ခဲ့ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ကျိုက်ရော၊ သထုံ၊ သိမ်ဇရပ်အပါအဝင်၊ ရန်ကုန်တိုင်းအတွင်း မြို့ နယ် ၂၁ ခု၌ မြို့ပြစစ်ဆင်ရေးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပြောက်ကျားတော်လှန်ရေးအဖွဲ့များက ဆောင်ရွက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

အလားတူ ပဲခူးတိုင်း PDF နှင့် ရန်ကုန်တိုင် းခရမ်း PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ဇွဲတွန်စစ် ဆေးရေးဂိတ်ပစ်ခတ်မှုဖြစ်စဉ်တွင် ရန်သူအကြမ်းဖက်အဖွဲ့ဝင် ၁၀ဦးအထိ သေဆုံးခဲ့သည်ဟု အသိပေးသည်။

ထို့အတူ ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြင်းစီးကွင်းအနီးရှိ အကြမ်းဖက်စစ်တပ်စွဲထားရာ အားကစားကွင်းအား People’s Force နှင့် Spring Brothers Force တို့ ပူးပေါင်းပြီး (၄၀) မမ ဗုံးသီး ငါးလုံး ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူအကြမ်းဖက်အဖွဲ့ဝင် ကိုဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ သုံးပွင့်အဆင့်ရှိ အရာရှိတစ်ဦးအပါ အဝင် နှစ်ဦးသေဆုံးခဲ့သည့် ကော့မှုးမြို့နယ် ငှက်အော်စမ်းကျေးရွာအနီး မကျီးကန်-ကျိုက်ထော်လမ်းပေါ်မှ စစ်ယာဉ်တန်းပစ်ခတ်တိုက်ခိုက်မှုသည်လည်း စစ်ကောင်စီကို အထိနာစေခဲ့ သည်။

အဆိုပါဖြစ်စဉ်ကြောင့် အကြမ်းဖက်စစ်တပ်သည် ငှက်အော်စမ်းကျေးရွာနှင့် အနီးပတ်ဝန်း ကျင်ရှိ ညောင်ထောင်၊ ရေတာရှည်၊ သံကြိုးစတဲ့ ရွာတွေက အပြစ်မဲ့ ရွာသူ၊ရွာသား ၅၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခြင်း၊ ရိုက်နှက်နှိပ်စက်မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခင်နှစ် စက်တင်ဘာ၇ ရက်က စတင်ခဲ့သည့် ပြည်သူ့ခုခံတော်လှန်စစ်ကြေညာပြီးနောက်”ပျံလွှားအောင်စစ်ဆင်ရေး”ကို စတင်ခဲ့ရာ ၇ လတာကာလအတွင်း ပစ်မှတ်ပေါင်း ၄၁၉ ခု အား ပစ်ခတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး ရန်သူအကြမ်းဖက်တပ်ဖွဲ့ဝင် ၂၅၃ ယောက်သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးကို ယခုထက်အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် အစီအစဉ်များ ချမှတ်ထားပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ပြည်သူ့ဘက်တော်သား အတွင်းဖရဲသီးများ၏ သတင်းပေးချက်များ၊ သတိပေးချက်များနှင့် ပူးပေါင်းပါဝင်မှုများကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဆိုသည်။

အထူးသဖြင့် နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး၏ အဓိက မောင်းနှင်အားများဖြစ်သော PDF ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးကော်မန်ဒိုတပ်ဖွဲ့များ၊ မြို့ပြပြောက်ကျား တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအားလုံးကို လေးစားဂုဏ်ပြုကြောင်းလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။