Connect with us

Hi, what are you looking for?

News

မင်းအောင်လှိုင်နေအိမ်ကို ရောင်းချရန်စီစဉ်မှု ၃ရက်အတွင်း ကန်ဒေါ်လာ ၂သန်းဖိုးရောင်းချရ

မင်းအောင်လှိုင် မတရားသဖြင့်ရယူထားသော ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ ခြံအမှတ် (၁၄)ကို ကန်ဒေါ်လာ ၁၀ သန်းတန်ဖိုးဖြတ်ကာ အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချရန် NUG က ကြေညာအပြီး ၃ ရက် (၇၂ နာရီ) အတွင်း ဒေါ်လာ ၂ သန်းဖိုး ရောင်းချခဲ့ရခြင်းဖြစ်သည်။

▪️ဒေါ်လာ ၁၀သန်းပြည့်ရန် ရက်သတ္တပတ်ပင်မကြာနိုင်ဟုဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် သိမ်းယူထားသော နေအိမ်အတွက် အစုရှယ်ယာရောင်းချမှုမှာ ၃ ရက်အတွင်း အ​မေရိကန်ဒေါ်လာ၂ သန်းပြည့်ခဲ့​ကြောင်း The End of Dictatorship- EOD က ယနေ့ (မေလ ၈) ညပိုင်း၌ ထုတ်ပြန်သည်။

မင်းအောင်လှိုင် မတရားသဖြင့်ရယူထားသော ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ ခြံအမှတ် (၁၄)ကို ကန်ဒေါ်လာ ၁၀ သန်းတန်ဖိုးဖြတ်ကာ အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချရန် NUG က ကြေညာအပြီး ၃ ရက် (၇၂ နာရီ) အတွင်း ဒေါ်လာ ၂ သန်းဖိုး ရောင်းချခဲ့ရခြင်းဖြစ်သည်။

” ၁၄/အင်းလျား အစုရှယ်ရာရောင်းအား၊ ၇၂ နာရီအကြာမှာ ဒေါ်လာ ၂သန်း ပြည့်သွားပါပြီ။ တနည်းအားဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ အိမ်နဲ့ခြံမြေ၂၀ %ကို ပြည်သူက ၃ ရက်အတွင်း ပြန်လည်သိမ်းပိုက်နိုင်လိုက်တာပါပဲ။ နာရီမိနစ်စက္ကန့်နဲ့အမျှ ဝယ်လိုအားတွေ တရိပ်ရိပ်တက်နေတာမို့ မူလရည်မှန်းထားတဲ့ ဒေါ်လာ ၁၀ သန်းပြည့်ဖို့ ရက်သတ္တပတ်နဲ့ချီပြီး ကြာမယ့်ပုံ မရှိပါဘူး ” NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင် မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင်မြေသည် ၁.၈၆ ဧကကျယ်ဝန်းပြီး ကာလပေါက်စျေး အမေရိကန်ဒေါ်လာ သန်း ၃၀ကျော် တန်ကြေးရှိကြောင်းလည်း NUG က ကြေညာထားသည်။

ယင်းကာလတန်ကြေး၏ ၃ ပုံ ၁ ပုံ အမေရိကန်ဒေါ်လာ ၁၀ သန်းဖြင့် NUG က ပြည်သူများကို ရောင်းချရန် စီစဉ်ခြင်းဖြစ်ပြီး ရှယ်ယာတစ်စုလျှင် ကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားသည်။

ကမ္ဘာတလွှားရှိ အရောင်းကိုယ်စားလှယ်များက အဆိုပါ ရှယ်ယာများကို ရောင်းချပေးလျက်ရှိပြီး ရည်မှန်းထားသည့် ပန်းတိုင်နှင့် နီးသထက်နီးလာပြီ ဖြစ်၍ ပြည်သူအားလုံး၏ ညီညာစုရုန်းမှုဖြင့် အာဏာရှင် အဆုံးသတ်နိဂုံးကို ပုံဖော်ကြရန် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။