Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းအောင်လှိုင်နေအိမ်ကို ရောင်းချရန်စီစဉ်မှု ၃ရက်အတွင်း ကန်ဒေါ်လာ ၂သန်းဖိုးရောင်းချရ

မင်းအောင်လှိုင် မတရားသဖြင့်ရယူထားသော ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ ခြံအမှတ် (၁၄)ကို ကန်ဒေါ်လာ ၁၀ သန်းတန်ဖိုးဖြတ်ကာ အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချရန် NUG က ကြေညာအပြီး ၃ ရက် (၇၂ နာရီ) အတွင်း ဒေါ်လာ ၂ သန်းဖိုး ရောင်းချခဲ့ရခြင်းဖြစ်သည်။

▪️ဒေါ်လာ ၁၀သန်းပြည့်ရန် ရက်သတ္တပတ်ပင်မကြာနိုင်ဟုဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် သိမ်းယူထားသော နေအိမ်အတွက် အစုရှယ်ယာရောင်းချမှုမှာ ၃ ရက်အတွင်း အ​မေရိကန်ဒေါ်လာ၂ သန်းပြည့်ခဲ့​ကြောင်း The End of Dictatorship- EOD က ယနေ့ (မေလ ၈) ညပိုင်း၌ ထုတ်ပြန်သည်။

မင်းအောင်လှိုင် မတရားသဖြင့်ရယူထားသော ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ ခြံအမှတ် (၁၄)ကို ကန်ဒေါ်လာ ၁၀ သန်းတန်ဖိုးဖြတ်ကာ အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချရန် NUG က ကြေညာအပြီး ၃ ရက် (၇၂ နာရီ) အတွင်း ဒေါ်လာ ၂ သန်းဖိုး ရောင်းချခဲ့ရခြင်းဖြစ်သည်။

” ၁၄/အင်းလျား အစုရှယ်ရာရောင်းအား၊ ၇၂ နာရီအကြာမှာ ဒေါ်လာ ၂သန်း ပြည့်သွားပါပြီ။ တနည်းအားဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ အိမ်နဲ့ခြံမြေ၂၀ %ကို ပြည်သူက ၃ ရက်အတွင်း ပြန်လည်သိမ်းပိုက်နိုင်လိုက်တာပါပဲ။ နာရီမိနစ်စက္ကန့်နဲ့အမျှ ဝယ်လိုအားတွေ တရိပ်ရိပ်တက်နေတာမို့ မူလရည်မှန်းထားတဲ့ ဒေါ်လာ ၁၀ သန်းပြည့်ဖို့ ရက်သတ္တပတ်နဲ့ချီပြီး ကြာမယ့်ပုံ မရှိပါဘူး ” NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင် မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင်မြေသည် ၁.၈၆ ဧကကျယ်ဝန်းပြီး ကာလပေါက်စျေး အမေရိကန်ဒေါ်လာ သန်း ၃၀ကျော် တန်ကြေးရှိကြောင်းလည်း NUG က ကြေညာထားသည်။

ယင်းကာလတန်ကြေး၏ ၃ ပုံ ၁ ပုံ အမေရိကန်ဒေါ်လာ ၁၀ သန်းဖြင့် NUG က ပြည်သူများကို ရောင်းချရန် စီစဉ်ခြင်းဖြစ်ပြီး ရှယ်ယာတစ်စုလျှင် ကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားသည်။

ကမ္ဘာတလွှားရှိ အရောင်းကိုယ်စားလှယ်များက အဆိုပါ ရှယ်ယာများကို ရောင်းချပေးလျက်ရှိပြီး ရည်မှန်းထားသည့် ပန်းတိုင်နှင့် နီးသထက်နီးလာပြီ ဖြစ်၍ ပြည်သူအားလုံး၏ ညီညာစုရုန်းမှုဖြင့် အာဏာရှင် အဆုံးသတ်နိဂုံးကို ပုံဖော်ကြရန် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

စစ်ကောင်စီသည် မတ်လ ၁၁ရက်တွင် ဆီဆိုင်မြို့ကို လက်နက်ကြီးများ ဒရုန်းများဖြင့် အဆက် မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၄၀ခန့် ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီသည် KNU အုပ်ချုပ်နယ်မြေများအတွင်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် အိုးအိမ်ပျက်စီးမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။