Connect with us

Hi, what are you looking for?

News

စစ်ကိုင်းမြို့ ကုန်းတန်းရွာကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေးငယ်လေးဦး ဒဏ်ရာရ၊ ဒေသခံပြည်သူ ၂၀ကျော် ဖမ်းဆီးခံရ

အကြမ်းဖက်စစ်ကောင်စီဘက်ကမူ ကုန်းတန်းလေးကျေးရွာရှိ PDF စခန်းတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိသည်ဟု ဝါဒဖြန့်သည်။

(လက်နက်ကြီးကျ၍ ကုန်းတန်းလေးကျေးရွာဓမ္မာရုံ ပျက်စီးခဲ့သည်ကို တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ကုန်းတန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်၍ ကလေးငယ်လေးဦး ထိခိုက်ဒဏ်ရာရရှိပြီး ဒေသခံပြည်သူ ၂၀ကျော် ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(မေလ ၉ ရက်) နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်၊ မအူပင်အုပ်စု၊ ကုန်းတန်းလေးရွာကို ဝင်ရောက်လာပြီး ရွာအဝင်မှ လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့၍ ဓမ္မာရုံပျက်စီးမှုအချို့ရှိခဲ့ပြီး ကလေးငယ် လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဓမ္မာရုံအနီးရှိ နေအိမ် လေးလုံးလောင်မီးလောင်သွားကြောင်း ဒေသခံများက ပြောသည်။

“တော်လှန်ရေးရဲဘော်တွေလာဖမ်းတာမမိဘူးလို့ကြားတယ်။ မဆိုင်တဲ့ ရွာသား ၂၀ဝန်းကျင် ဖမ်းခံရပြီး လက်နက်နှင့်ဆက်စက်ပစ္စည်းပါသွားတယ်လို့ သိရပါတယ်”ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီဘက်ကမူ ကုန်းတန်းလေးကျေးရွာရှိ PDF စခန်းတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိသည်ဟု ဝါဒဖြန့်သည်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများအား ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။