Connect with us

Hi, what are you looking for?

News

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား ၄၀၀၀ ခန့်အလုပ်မဆင်းဘဲဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ပင်လယ်စာထုတ်လုပ်သောစက်ရုံ၌ အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်း မြန်မာလုပ်သား ၄၀၀၀ခန့်သည် အလုပ်သမားအခွင့်အရေးများဆုံးရှုံးသည်ဟုဆိုကာ ယနေ့(သြဂုတ်၁ရက်)တွင် အလုပ်မဆင်းဘဲ ဆန္ဒပြတောင်းဆိုနေသည်။

ထိုင်းနိုင်ငံ၏ ကိုဗစ်ဒုတိယလှိုင်းအတွင်း လုပ်သားတစ်ဦးလျှင် ဘတ်၂၀၀ပေးမည်ဆိုကာ ကွာရန်တင်း ဝင်ခိုင်းပြီးနောက် တစ်ဦးလျှင် ဘတ်၁၀၀သာပေးခြင်း၊ ယခု ကိုဗစ်တတိယလှိုင်းတွင်လည်း နေအိမ်နှင့်အဆောင်များကို ပြန်နေခွင့်မပေးဘဲ စက်ရုံရှိအဆောင်များအတွင်း စုပုံနေခိုင်းခြင်းနှင့် ထိုင်းနိုင်ငံသားလုပ်သားများနည်းတူ နေ့ချင်းပြန်အလုပ်ဆင်းခွင့်ပေးရေးဟုဆိုကာ မြန်မာလုပ်သား ၄၀၀၀ခန့်က ဆန္ဒပြတောင်းဆိုနေခြင်း ဖြစ်ကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေးကူညီပေးနေသော ကိုသားကြီးက ပြောသည်။

“အလုပ်ရှင်က စက်ရုံကြီးထဲမှာ အားလုံးအတူတူရောထားတော့ အလုပ်သမားတွေက ရောဂါပိုးကူးမှာလည်း စိုးရိမ်နေကြတာပေါ့။ နောက်ပြီး ထိုင်းနိုင်ငံသားလုပ်သားတွေလို တန်းတူအခွင့်အရေးရဖို့ တောင်းဆိုနေကြတာလို့ ကျွန်တော့်ကို ဖုန်းဆက်အကူအညီလှမ်းတောင်းတယ်”ဟု ကိုသားကြီးက ပြောသည်။

အဆိုပါစက်ရုံတွင် မြန်မာလုပ်သား ၄၀၀၀ခန့် အလုပ်လုပ်ကိုင်နေကြောင်း ၎င်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့်တက်နေပြီး ထိုင်းရောက်မြန်မာလုပ်သားများ အလုပ်လုပ် ကိုင်နေသော စက်ရုံများတွင်လည်း ရောဂါကူးစက်ခံရမှုများပြားနေသလို မြန်မာလုပ်သားများ ရောဂါကူးစက်ခံရမှုလည်း များပြားလာနေသည်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံ ဖစ်ချဘွန်းခရိုင်ရှိ SAHA Farms ကြက်သားစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းမြန်မာလုပ်သား ၃၀၀၀ကျော် ကိုဗစ်ရောဂါကူးစက်ခံရမှုဖြစ်ပွားခဲ့သည်။

အဆိုပါစက်ရုံရှိ လုပ်သား ၃၄၈၁ဦးတွင် ကိုဗစ်ရောဂါကူးစက်ခံရမှုကို ဇူလိုင် ၂၂ရက်က စတင်တွေ့ရှိရာ မြန်မာလုပ်သား ၃၀၉၀ဦး ကူးစက်ခံရခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါစက်ရုံကို ယာယီပိတ်ထားရန် ထိုင်းအစိုးရက ညွှန်ကြားထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၌ ယနေ့(သြဂုတ်၁ရက်)တွင် ကိုဗစ်ရောဂါကူးစက်ခံရသူ၁၈၀၂၇ ဦးအထိရှိခဲ့ပြီး သေဆုံးသူ ၁၃၃ဦးရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

သတင်း

တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို

သတင်း

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ တစ်နှစ် ငွေကြေးသုံးစွဲမှုဟာ ဘတ်ငွေ ၂၂၁ ဘီလီယံလောက်ထိ များပြားနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဥထုံဌာနီခရိုင်က စစ်ဆေးရေးဂိတ်မှာ မောင်းနှင်ထွက်ပြေးတဲ့ မြန်မာလုပ်သား ၁၅ဦးခိုးတင်ဆောင်လာတဲ့ ကားဟာ အဝေးပြေးရဲတပ်ဖွဲ့ကားနဲ့ တိုက်မိပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)က မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။