Connect with us

Hi, what are you looking for?

News

ရန်ကုန်တိုင်း စီမံအုပ်ချုပ်​ရေး​ကောင်စီအတွင်း​ရေးမှူး ဦးစိုးစိုး​​ဇော် ဖမ်းဆီးခံရ

ဦးစိုးစိုးဇော်သည် ဒီချုပ် လက်ထက်ကတည်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီ အောက်တွင် တိုင်းအတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ယူခဲ့သူဖြစ် သည်။

စစ်ကောင်စီခန့် ရန်ကုန်တိုင်း စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ အတွင်းရေးမှူးဦးစိုးစိုးဇော် ဖမ်းဆီးခံထားရကြောင်း ၎င်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်များက People’s Springသို့ ပြောသည်။

ယမန်နေ့(မေ ၁၆ ရက်)နေ့လယ်ပိုင်းက တိုင်းစီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ရုံး၌ပင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

“ဖမ်းခံရတာတော့ သေချာတယ်။ဒါပေမယ်လို့ ဘာအမှုနဲ့ ဆွဲချိတ်ခံရမှန်းမသိသေးဘူး။အဂတိမှုလို့တော့ ကနဦးကြားရတာပဲ”ဟု ဦးစိုးစိုးဇော်နှင့်နီးစပ်သူက ရှင်းပြသည်။

ဦးစိုးစိုးဇော်သည် ဒီချုပ် လက်ထက်ကတည်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီ အောက်တွင် တိုင်းအတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ယူခဲ့သူဖြစ် သည်။

Public Service Announcement

Public Service Announcement

ယခုဖြစ်စဥ်မတိုင်မီက မကွေးတိုင်း စီမံအုပ်ချုပ်​ရေး​​ကောင်စီအဖွဲ့အတွင်းရေးမှူး ဦးဝင်းရှိန်ကို အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့်ဖမ်းဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Facebook