Connect with us

Hi, what are you looking for?

News

ရန်ကုန်တိုင်း စီမံအုပ်ချုပ်​ရေး​ကောင်စီအတွင်း​ရေးမှူး ဦးစိုးစိုး​​ဇော် ဖမ်းဆီးခံရ

ဦးစိုးစိုးဇော်သည် ဒီချုပ် လက်ထက်ကတည်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီ အောက်တွင် တိုင်းအတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ယူခဲ့သူဖြစ် သည်။

စစ်ကောင်စီခန့် ရန်ကုန်တိုင်း စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ အတွင်းရေးမှူးဦးစိုးစိုးဇော် ဖမ်းဆီးခံထားရကြောင်း ၎င်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်များက People’s Springသို့ ပြောသည်။

ယမန်နေ့(မေ ၁၆ ရက်)နေ့လယ်ပိုင်းက တိုင်းစီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ရုံး၌ပင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

“ ဖမ်းခံရတာတော့ သေချာတယ်။ဒါပေမယ်လို့ ဘာအမှုနဲ့ ဆွဲချိတ်ခံရမှန်းမသိသေးဘူး။အဂတိမှုလို့တော့ ကနဦးကြားရတာပဲ” ဟု ဦးစိုးစိုးဇော်နှင့်နီးစပ်သူက ရှင်းပြသည်။

ဦးစိုးစိုးဇော်သည် ဒီချုပ် လက်ထက်ကတည်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီ အောက်တွင် တိုင်းအတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ယူခဲ့သူဖြစ် သည်။

Public Service Announcement

Public Service Announcement

ယခုဖြစ်စဥ်မတိုင်မီက မကွေးတိုင်း စီမံအုပ်ချုပ်​ရေး​​ကောင်စီအဖွဲ့အတွင်းရေးမှူး ဦးဝင်းရှိန်ကို အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့်ဖမ်းဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာရှိတဲ့ ဂျန်းရှင်းစီးတီးဈေးဝယ်စင်တာမှာ ရုရှားစစ်သားလို့ယူဆရတဲ့ အမျိုးသားအများအပြား ဒီက​နေ လာရောက်ဈေးဝယ်တာတွေ့ခဲ့ရတယ်လို့ မျက်မြင်​တွေ့ရှိသူတွေကပြောပါတယ်။

သတင်း

ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ ၉၀ကျော်ရှိပြီး ရွေးကောက်ပွဲအပေါ်ဝေဖန်ပြောဆိုမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ၉ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြေပြင်သတင်းတွေဖော်ပြနေတဲ့ Rangoon Scout Network -RSNက ဖော်ပြပါတယ်။

သတင်း

ရွေးကောက်ပွဲကို ပျက်စီးအောင် နှောင့်ယှက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီဟာ သုံးလတာအတွင်း အမျိုးသား၊​အမျိုးသမီး စုစုပေါင်း ၈၈ဦးကိုဖမ်းဆီးထားပါတယ်။