Connect with us

Hi, what are you looking for?

LuduNwayOo

News

NUG ကိုထိတွေ့ဆက်ဆံနေတဲ့မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို ဂျပန်အထူးသံ ဆာဆာကာဝါသွားရောက် တွေ့ဆုံ

မစ္စတာ ဆာဆာကာဝါဟာ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဖြစ်သလို မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဂျပန် အစိုးရ အထူးသံတမန် အဖြစ် ၂၀၁၃ ကနေစပြီး တာဝန်ပေးအပ်ခြင်းခံရသူလည်းဖြစ်ပါတယ်။

စစ်ကောင်စီကိုအသိအမှတ်မပြုဘဲ NUG ကို ထိတွေ့ဆက်ဆံဖို့ မလေးရှားအစိုးရဘက်က ထုတ်ဖော်ပြောဆိုပြီးနောက် ဂျပန်အထူးသံတမန်ဆာဆာကာဝါဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်နဲ့ ဒီနေ့မှာ သွားရောက်တွေ့ဆုံလိုက်ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ လူမှုကွန်ရက်ကနေ ရေးသားချက်အရ မြန်မာ့အရေးအတွက် အရေးကြီးတဲ့အချက်အချို့ကို တွေ့ဆုံမှုမှာ မျှဝေခဲ့ကြတယ်လို့သိရပါတယ်။

အဲဒီအချက်တွေထဲမှာ အရပ်သားပြည်သူတွေ ရဲ့ လုံခြုံရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ပစ်ခတ်ရပ်စဲမှုအရေးကြီးကြောင်းနဲ့ တဆက်တည်းမှာပဲ အရေးတကြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ နိုင်ငံတကာ ကို ဖိတ်ခေါ်ပြီး စီမံဖို့ အချက်တွေပါဝင်တယ်လို့သိရပါတယ်။

ဒါအပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုအကောင်အထည်ဖော်ဖို့ ၊ မြန်မာနိုင်ငံအတွင်းက တွေ့ဆုံသင့်တဲ့သူတွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးတို့မှာ ဂျပန်အစိုးရအနေနဲ့ ကူညီဖို့အဆင့်သင့်ဖြစ်နေကြောင်း မစ္စတာဆာဆာကာဝါက မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို အသိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မစ္စတာ ဆာဆာကာဝါဟာ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဖြစ်သလို မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဂျပန် အစိုးရ အထူးသံတမန် အဖြစ် ၂၀၁၃ ကနေစပြီး တာဝန်ပေးအပ်ခြင်းခံရသူလည်းဖြစ်ပါတယ်။

သူသည်အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်နဲ့ဆက်ဆံရေးကောင်းမွန်သူလည်းဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ဝေဖန်မှုတွေကြားထဲက မြန်မာနိုင်ငံကို. လာရောက်ခဲ့တဲ့ ဆာဆာကာဝါရဲ့ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို စစ်ကောင်စီက ခွင့်မပြုခဲ့ပါဘူး ။

ဆာဆာကာဝါဟာ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလအတွင်းကမြန်မာနိုင်ငံကိုလာရောက်ပြီး ရခိုင်ပြည်နယ်ကိုသွားရောက်ခဲ့ပါတယ်။ သူဟာ စစ်တပ်နဲ့ AA ကြားတိုက်ပွဲတွေမဖြစ်အောင် စေ့စပ်ပေးခဲ့သူလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းလို့ ခေါ်ဆိုတဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိနေပြီး ကမ္ဘာပေါ်မှာ အသက်ဝင်နေဆဲ မီးတောင် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။