Connect with us

Hi, what are you looking for?

News

NUG ကိုထိတွေ့ဆက်ဆံနေတဲ့မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို ဂျပန်အထူးသံ ဆာဆာကာဝါသွားရောက် တွေ့ဆုံ

မစ္စတာ ဆာဆာကာဝါဟာ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဖြစ်သလို မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဂျပန် အစိုးရ အထူးသံတမန် အဖြစ် ၂၀၁၃ ကနေစပြီး တာဝန်ပေးအပ်ခြင်းခံရသူလည်းဖြစ်ပါတယ်။

စစ်ကောင်စီကိုအသိအမှတ်မပြုဘဲ NUG ကို ထိတွေ့ဆက်ဆံဖို့ မလေးရှားအစိုးရဘက်က ထုတ်ဖော်ပြောဆိုပြီးနောက် ဂျပန်အထူးသံတမန်ဆာဆာကာဝါဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်နဲ့ ဒီနေ့မှာ သွားရောက်တွေ့ဆုံလိုက်ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ လူမှုကွန်ရက်ကနေ ရေးသားချက်အရ မြန်မာ့အရေးအတွက် အရေးကြီးတဲ့အချက်အချို့ကို တွေ့ဆုံမှုမှာ မျှဝေခဲ့ကြတယ်လို့သိရပါတယ်။

အဲဒီအချက်တွေထဲမှာ အရပ်သားပြည်သူတွေ ရဲ့ လုံခြုံရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ပစ်ခတ်ရပ်စဲမှုအရေးကြီးကြောင်းနဲ့ တဆက်တည်းမှာပဲ အရေးတကြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ နိုင်ငံတကာ ကို ဖိတ်ခေါ်ပြီး စီမံဖို့ အချက်တွေပါဝင်တယ်လို့သိရပါတယ်။

ဒါအပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုအကောင်အထည်ဖော်ဖို့ ၊ မြန်မာနိုင်ငံအတွင်းက တွေ့ဆုံသင့်တဲ့သူတွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးတို့မှာ ဂျပန်အစိုးရအနေနဲ့ ကူညီဖို့အဆင့်သင့်ဖြစ်နေကြောင်း မစ္စတာဆာဆာကာဝါက မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို အသိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မစ္စတာ ဆာဆာကာဝါဟာ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဖြစ်သလို မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဂျပန် အစိုးရ အထူးသံတမန် အဖြစ် ၂၀၁၃ ကနေစပြီး တာဝန်ပေးအပ်ခြင်းခံရသူလည်းဖြစ်ပါတယ်။

သူသည်အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်နဲ့ဆက်ဆံရေးကောင်းမွန်သူလည်းဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ဝေဖန်မှုတွေကြားထဲက မြန်မာနိုင်ငံကို. လာရောက်ခဲ့တဲ့ ဆာဆာကာဝါရဲ့ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို စစ်ကောင်စီက ခွင့်မပြုခဲ့ပါဘူး ။

ဆာဆာကာဝါဟာ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလအတွင်းကမြန်မာနိုင်ငံကိုလာရောက်ပြီး ရခိုင်ပြည်နယ်ကိုသွားရောက်ခဲ့ပါတယ်။ သူဟာ စစ်တပ်နဲ့ AA ကြားတိုက်ပွဲတွေမဖြစ်အောင် စေ့စပ်ပေးခဲ့သူလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။