Connect with us

Hi, what are you looking for?

News

လုပ်ငန်းရှင်ကြီးများကို တရားဝင်စာပို့အခွန်ကောက်ခံသွားမည်ဟု NUG ဝန်ကြီးပြော

အခွန်ဆောင်သည့်လုပ်ငန်းရှင်များတွင် သာမာန်စတိုးဆိုင်ပိုင်ရှင်အဆင့်များသာ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ ထိုကြောင့် လုပ်ငန်းရှင်ကြီးများအနေဖြင့် NUGကို တရားဝင်အခွန်ဆောင်ရန် စာပေးပို့သွားမည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

နွေဦးတော်လှန်ရေးအတွက် လုပ်ငန်းရှင်ကြီးများက အခွန်ပေးဆောင်ပါဝင်ထားခြင်းမရှိသော ကြောင့် တရားဝင်စာပို့ပြီး အခွန်ကောက်ခံသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားသည်။

NUGက အခွန်ကောက်ခံရာတွင် သာမာန်လုပ်ငန်းရှင်များကသာ အမေရိကန်ဒေါ်လာ ၅သောင်း၊ တစ်သိန်းအထိ အခွန်ပေးဆောင်ထားပြီး လုပ်ငန်းရှင်ကြီးများက အခွန်ပေးဆောင်ခြင်းမရှိဟု ၎င်းက ဆိုသည်။

“လုပ်ငန်းရှင်ကြီးတွေထက် လုပ်ငန်းရှင်တွေဆောင်ကြတယ်၊ တကယ့်လုပ်ငန်းရှင်ကြီးတွေအဆင့်မဟုတ်ဘူး။ သူတို့က အများဆုံးဆောင်တာ ဒေါ်လာ ၅သောင်း၊ အများဆုံးက ဒေါ်လာတသိန်းဆောင်တဲ့သူရှိတယ်။ ဒါပေမယ့် တစ်ယောက်တည်းရှိသေးတယ်”ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

အခွန်ဆောင်သည့်လုပ်ငန်းရှင်များတွင် သာမာန်စတိုးဆိုင်ပိုင်ရှင်အဆင့်များသာ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ ထိုကြောင့် လုပ်ငန်းရှင်ကြီးများအနေဖြင့် NUGကို တရားဝင်အခွန်ဆောင်ရန် စာပေးပို့သွားမည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးအတွက် ဘဏ္ဍာငွေကို နွေဦးထီးရောင်းချခြင်း၊ ငွေတိုက်စာချုပ်များ ရောင်းချခြင်း၊ အခွန်ကောက်ခံခြင်းနှင့် အကြမ်းဖက်စစ်ခေါင်းဆောင်ပိုင်ဆိုင်သည့် အိမ်နှင့်မြေကွက်များကိုရောင်းချခြင်းတို့ အဓိက ရှာဖွေနေခြင်းဖြစ်သည်။

ထို့အပြင် ပြည်တွင်း၊ ပြည်ပရှိ ပြည်သူများ၏ လှူဒါန်းငွေများမှာလည်း အဓိက ရရှိနေသည်။

လက်ရှိတွင် ငွေတိုက်စာချုပ်ရောင်းချခြင်းမှ ကန်ဒေါ်လာ ၃၇သန်း၊ စစ်ခေါင်းဆောင်မင်းအောင်လှိုင် မတရားသိမ်းယူထားသည့် ရန်ကုန်မြို့ အင်းယားလမ်းရှိ အိမ်နံပတ်(၁၄) ရောင်းချရာတွင် ရရှိထားသည့် ဒေါ်လာ ၇သန်းတို့ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook