Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အနောက်နိုင်ငံတွေက သံအရာရှိတွေကို ရုရှား နှင်ထုတ်

ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာကြောင့် နှစ်ဖက် ဆက်ဆံရေး အအေးခဲ အတင်းမာဆုံး ဖြစ်နေခဲ့ပါတယ်။

နှစ်ဖက် ဆက်ဆံရေး တင်းမာလာချိန်မှာ ရုရှား အစိုးရဟာ အနောက်နိုင်ငံတွေက ဒါဇင်နဲ့ချီ များပြားတဲ့ သံတမန်ရေးရာ အရာရှိတွေကို နှင်ထုတ်လိုက်ပါတယ်။

စပိန်၊ ပြင်သစ်နဲ့ အီတလီတို့က သံရုံးဝန်ထမ်း ၈၅ ဦးဟာ ရုရှားကနေ ထွက်ခွာရမယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေက ရုရှား သံအမတ်တွေကို သူလျှိုမှုနဲ့ စွပ်စွဲ အကြောင်းပြပြီး ပြည်နှင်ဒဏ် ပေးခဲ့တာတွေကို လက်တုံ့ပြန်တဲ့ သဘောပါပဲ။

ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာကြောင့် နှစ်ဖက် ဆက်ဆံရေး အအေးခဲ အတင်းမာဆုံး ဖြစ်နေခဲ့ပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ မော်စကိုမှာ ပြင်သစ် သံအမတ် ပီယေးလီဗိုင်းကို ဆင့်ခေါ် တွေ့ဆုံပြီး ပြင်သစ် သံရုံးဝန်ထမ်း ၃၄ ဦးကို နှင်ထုတ်ကြောင်း အသိပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စပိန် သံရုံးက ဝန်ထမ်း ၂၇ ဦးနဲ့ အီတလီ သံရုံးက ၂၄ ဦးတို့ပါ ပြည်နှင် ခံရမယ့်အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စပိန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဒီလုပ်ရပ်ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အနုတ်လက္ခဏာဆန်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်လာမယ်လို့ ရုရှားကို သတိပေးခဲ့ပါတယ်။ အီတလီ ဝန်ကြီးချုပ် မာရီယို ဒရာဂီကလည်း ရုရှားရဲ့ လုပ်ရပ်ကို ရန်လိုမှု တစ်ခုလို့ ဝေဖန်ခဲ့ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို စတင် ကျူးကျော် တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေက ရုရှားအပေါ် စီးပွားရေး အရရော၊ သံတမန်ရေး အရာပါ တုံ့ပြန် ပိတ်ဆို့ အရေးယူမှုတွေ ရှိလာသလို ယူကရိန်း အစိုးရကိုလည်း ငွေအား၊ လက်နက်အင်အား အလုံးအရင်း ထောက်ပံ့ ကူညီပေးနေကြပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။