Connect with us

Hi, what are you looking for?

News

ရွှေသောင်ယံကမ်းခြေနေရာအချို့တွင်ရုပ်အလောင်းများ​တွေ့

ရွှေသောင်ယံမြို့နယ်ပိုင်နက်အတွင်း ဝက်သေကျေးရွာကမ်းစပ်တွင် ရုပ်အလောင်းအများဆုံး တွေ့ရခြင်းဖြစ်သည်။

(ငွေသောင်ယံကမ်းခြေ တစ်နေရာကို​တွေ့ရစဥ်။ပုံအ​ဟောင်းဖြစ်ပါသည်။)

ရွှေသောင်ယံကမ်းခြေနေရာအချို့တွင် လူ​သေရုပ်အလောင်းအချို့မျောပါလာသည်ကိုတွေ့ရပြီး ယနေ့ညနေအထိ ရုပ်အလောင်း ၂၀ခန့်​တွေ့ ရှိရ​ကြောင်း ဒေသခံများပြောသည်။

ရွှေသောင်ယံမြို့နယ်ပိုင်နက်အတွင်း ဝက်သေကျေးရွာကမ်းစပ်တွင် ရုပ်အလောင်းအများဆုံး တွေ့ရခြင်းဖြစ်သည်။

“မနေ့က ပင်လယ်မှာ စက်လှေမြုပ်တယ်လို့ ကြားတယ်။ ဒီနေ့မနက်မှာတော့ ရုပ်အလောင်းတွေ ကမ်းဘက်ကို မျောပါလာတယ်။ အခုတင် တစ်လောင်း ပါး(အ​လောင်းကမ်းကပ်လာသည်ကိုပါးသည်ဟု ဒေသခံများက သုံးနှုန်းသည်) တယ်ဆိုလို့ သွားဆယ်မလို့”ဟု ဒေသခံတစ်ဦးက ယနေ့(မေ ၂၂ရက်)မွန်းလွဲပိုင်းတွင် ပြောသည်။

Public Service Announcement

ရွှေသောင်ယံကမ်းခြေသည် ဘဂ်လားပင်လယ်အော်နှင့်ထိစပ်နေသလို ရခိုင်ပြည်နယ်နှင့်ဧရာဝတီတိုင်း ထိစပ်ရာ ဒေသလည်း ဖြစ်သည်။ ရိုဟင်ဂျာ ၉၀ ဦးခန့် လိုက်ပါလာပြီး ရခိုင်ပြည်နယ်ဘက်မှ ထွက်ခွာလာသော စက်လှေတစ်စီးသည် ပင်လယ်ထဲတွင် ယမန်နေ့ (မေလ၂၁ရက်)က တိမ်းမှောက်ခဲ့သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။သို့​သော်အဆိုပါသတင်းအ​ပေါ် People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း မြန်မာပင်လယ်ပြင်နှင့် နိုင်ငံ​ဒေသအချို့တွင် မိုးသက်​လေပြင်းတိုက်ခိုက်ခဲ့ပြီး မိုး​သည်းထန်စွာရွာသွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းအတွင်းရွှေသောင်ယံ၊သာပေါင်း၊ ရေကြည် နဲ့ လေးမျက်နှာမြို့နယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်ကအင်အားဖြည့်တင်းနေသလို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်း ၂ခုကို ထပ်မံတိုက်ခိုက်သိမ်းယူလိုက်တယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိကန်တော်ကြီး(ရေကန်)မှာရိုက်နှက်နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကိုမနေ့ ( ဇူလိုင်လ ၃ ရက်) ညနေပိုင်းမှာတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။