ဂျပန်စစ်သင်တန်းဆင်း မြန်မာ့လေတပ် ဒုတိယဗိုလ်မှူးကြီးတစ်ဦးက မကွေးတိုင်းအတွင်း ကြီး လေးသော ချိုးဖောက်မှုများတွင် ပါဝင်ကျူးလွန်ခဲ့သည်ကိုတွေ့ရကြောင်း Human Rights Watch နှင့် Justice For Myanmar တို့က ယနေ့ထုတ်ပြန်သည်။
ဂျပန်အစိုးရသည် မြန်မာစစ်တပ်အရာရှိများအား စစ်သင်တန်းပေးသည့် အစီအစဉ်ကို ချက်ချင်း ရပ်ဆိုင်းသင့်ပြီး သင်တန်းအစီအစဉ်တွင် ပါဝင်ခဲ့သည့် အခြားသောသင်တန်းသားများသည်လည်း နိုင်ငံတကာစစ်ပွဲများဥပဒေကို ချိုးဖောက်သည့် စစ်ဆင်ရေးများတွင် ပါဝင်ခဲ့ခြင်း ရှိမရှိကို စုံစမ်း စစ်ဆေးသင့်ကြောင်း အထက်ပါအဖွဲ့အစည်းများက တိုက်တွန်းသည်။
All Japan Defense Association နှင့် ကာကွယ်ရေးဝန်ကြီးဌာန မှတ်တမ်းများအရ မြန်မာ့လေတပ်၏ ဒုတိယဗိုလ်မှူးကြီးလွှမ်းမိုးသည် ၂၀၁၆ သြဂုတ် မှ ၂၀၁၇ မတ်လ အထိ ဂျပန်နိုင်ငံ၏ လေတပ်ဌာနချုပ်နှင့် စစ်ဦးစီးကောလိပ်တို့တွင် သင်တန်းတက်ရောက်ခဲ့ပြီး ၎င်းသည် မကွေးလေတပ်စခန်းဌာနချုပ်တွင် တာဝန်ထမ်းဆောင်ကြောင်း နီးစပ်သည့် သတင်းရင်းမြစ်နှစ်ရပ်က ဆိုသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း မကွေးတိုင်းအတွင်း ထိတွေ့တိုက်ပွဲများနှင့် လေကြောင်းတိုက်ပွဲများအပါအဝင် ပြင်းထန်သောတိုက်ပွဲများကြောင့်အရပ်သားပြည်သူ ၅၀,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၊တရားလက်လွတ်လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် အကျဉ်းရုံး စီရင်ကွပ်မျက်မှုများ၊ မီးရှို့သတ်ဖြတ်မှုများနှင့် အခြားသော ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့သည်။

Public Service Announcement
သို့သော် အာဏာသိမ်းမှုနောက်ပိုင်း ဂျပန်သည် ၂၀၂၁ တွင် ဗိုလ်လောင်းနှစ်ဦးနှင့် အရာရှိနှစ်ဦးကို လက်ခံခဲ့ပြီး ၂၀၂၂ တွင် ဗိုလ်လောင်းနှစ်ဦးနှင့် အရာရှိနှစ်ဦးကို သင်တန်းပေးရန်ထပ်မံလက်ခံခဲ့သည်။
အဆိုပါ ဂျပန်အစိုးရ၏ စစ်သင်တန်းပေးမှုကို ဂျပန်ရောက်မြန်မာနိုင်ငံသားများက အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပြီး ဂျပန်လွှတ်တော်ကိုယ်စားလှယ်များကလည်း ယင်းအစီအစဉ်ကို ရပ်တန့်ရန် တောင်းဆိုထားသည်။


















































