Connect with us

Hi, what are you looking for?

News

မြင်းမူမြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ် အထိနာ၊ ပြည်သူ့ကာကွယ်​ရေးတပ် ရဲ​​ဘော်နှစ်ဦးကျဆုံး

တိုက်ပွဲဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် မိုင်းကွင်းပေါ်သို့ ခြေလျင်လျှောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းထိသွားခဲ့ပြီး ၉ဦးခန့်ဆေးရုံရောက်သွားကြောင်း၊ ယမန်နေ့ (မေလ ၂၅ ရက်)တွင် ဆေးရုံရောက်သူများအနက် အကြမ်းဖက်စစ်သားအချို့ သေဆုံးကြောင်း MMU PDFက ပြောသည်။

(အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကိုင်းနှင့်မြင်းမူနယ်စပ်ရှိ ကျေးရွာနှစ်ရွာ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် မေလ ၂၄ ရက်က အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ သုံးကြိမ်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိပြီး ပြည်သူ့ကာကွယ်​ရေးနပ်မှ ရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့ကြောင်း (MMUPDF) က ပြောသည်။

မေလ ၂၄ရက် နံနက် ၄နာရီခွဲခန့်က မြင်းမူမြို့နယ် အင်းမကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်နေသည့်အကြမ်းဖက်စစ်တပ်ထံ ထပ်မံအင်အားလာဖြည့်သည့် စစ်တပ်ယာဥ်များအား ကန်ဖျားကျေးရွာအဝင်တွင် MMUPDF နှင့်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီးထိမှန်ခဲ့သည်။

ထို့အပြင် အင်းမကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် အကြမ်း ဖက်စစ်သား ၄၀ခန့်မှာ ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်အကြမ်းဖက်ပြီး အနီးရှိတောများသို့ တောနင်းနေစဥ် ကင်းစောင့်နေသော ပြည်သူ့ရဲဘော်များနှင့်ထိတွေ့မှုဖြစ်ရာ ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း MMUPDF က ပြောသည်။

နံနက် ၁၁နာရီခန့်တွင် MMUPDF ဦးဆောင်၍ Black Eagle Defence Force-MMU နှင့် People Guerillas Commando-Myinmuမှ ရဲဘော်များက ဂုန်ညင်းစိတ်ကျေးရွာနှင့် ကန်ဖျားဇရပ်ကြားတွင် ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး အကြမ်းဖက်စစ်သားနှစ်ဦးသေဆုံးကြောင်း MMUPDF က ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် မိုင်းကွင်းပေါ်သို့ ခြေလျင်လျှောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းထိသွားခဲ့ပြီး ၉ဦးခန့်ဆေးရုံရောက်သွားကြောင်း၊ ယမန်နေ့ (မေလ ၂၅ ရက်)တွင် ဆေးရုံရောက်သူများအနက် အကြမ်းဖက်စစ်သားအချို့ သေဆုံးကြောင်း MMU PDFက ပြောသည်။

မေလ ၂၄ ရက် ညနေ ၃ နာရီခန့်တွင်လ​ည်း တိုက်ပွဲထပ်မံဖြစ်ပွားရာ ဂုန်ညင်းစိတ်နှင့် ကန်ဖျား​ကျေးရွာကြား ပြန်ထွက်လာသော အကြမ်းဖက်စစ်တပ်အား တတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားဘေးမှခြေလျင်လျှောက်လာသော စစ်သား ၆ဦး နေရာတွင် လဲကျသွားကာ အပြင်းအထန်ဒဏ်ရာရသွားသည်ဟု MMU PDFကဆိုသည်။

အထက်ပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ MMUPDF ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိသည်။

မေလ ၉ရက် နံနက်ပိုင်းက မြင်းမူမြို့နယ်မှ Black Eagle Defence Force – MMU (မြင်းမူ လင်းယုန်နက် ကာကွယ်ရေးတပ်ဖွဲ့)၏ PDF စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်ရာ တပ်ဖွဲ့ဝင် ၈ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။