Connect with us

Hi, what are you looking for?

သတင်း

စစ်ကျွန်ပညာရေးတွင် ပါဝင်ခြင်းမရှိသော ကျောင်းသားများနှင့် ကျောင်းသားမိဘများကို ကျေးဇူးတင်ကြောင်း ပညာရေးအင်အားစုများထုတ်ပြန်

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်စစ်တပ်အာဏာသိမ်းချိန်တွင် CDM ပြုလုပ်ခဲ့ကြသောပညာရေးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ၏ အင်ပြည့်အားပြည့်ပါဝင်မှုကြောင့် စစ်ကောင်စီ ၏အရှိုက်ကိုထိုးနှက်သကဲ့သို့ ရှိခဲ့ကြောင်းထောက်ပြသည်။

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များထိန်းချုပ်ရာ​ဒေသတွင် NUG ၏ကြားကာလပညာ​ရေးစနစ်ဖြင့် သင်ကြား​နေ​သော​ကျောင်းသား​ကျောင်းသူများ

စစ်ကျွန်ပညာရေးတွင် ပူးပေါင်းပါဝင်ခြင်းမရှိသော ကျောင်းသားများနှင့် ကျောင်းသားမိဘများကို ကျေးဇူးတင်ကြောင်း ပညာရေးအင် အားစုများစုပေါင်းပြီးယမန်နေ့(မေ ၂၇)ရက်စွဲဖြင့် သဘောထားထုတ်ပြန်သည်။

ထိုထုတ်ပြန်ချက်ကို Spring University Myanmar – SUM ၊ Oak Awe Institute ၊ Yadanabon University Mandalay MM ၊ ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂ ၊ Interim University Council of University of Medicine(Mandalay)စသည့်ပညာရေးအင်အားစုများက ပူးပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။

နှစ်နှစ်ကျော်ကြာပညာရေးပြတ်လတ်မှုကိုနားလည်ပါသော်လည်း စစ်အုပ်စုမှ ကျောင်းပြန်ဖွင့်ကာ စစ်ကျွန် ပညာရေးယန္တရားလည်ပတ်ရန် အားထုတ်နေချိန်တွင် အသက်ပေးခဲ့ရသော ကျောင်းသားလူငယ်များ၊ အကျဥ်းကျခံကျောင်းသားများ၊ CDM ဆရာ၊ ဆရာမများ၊စစ်ဘေးရှောင်ကျောင်းသားပြည်သူများအပေါ် စာနာစိတ်ရှိရှိဖြင့် CDM ဆက်လက်ပြုလုပ်ကြရန် တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်စစ်တပ်အာဏာသိမ်းချိန်တွင် CDM ပြုလုပ်ခဲ့ကြသောပညာရေးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ၏ အင်ပြည့်အားပြည့်ပါဝင်မှုကြောင့် စစ်ကောင်စီ ၏အရှိုက်ကိုထိုးနှက်သကဲ့သို့ ရှိခဲ့ကြောင်းထောက်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် CDM ကျောင်းသားကျောင်းသူများ ပညာသင်ခွင့်ရရေးသည် ၎င်းတို့တာဂန်တစ်ရပ်ဟု ခံယူထားပြီးအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပညာရေးဝန်ကြီးဌာနမှအကောင်အထည်ဖော်လျက်ရှိသော ကြားကာ လပညာရေးအစီအစဥ်တွင် အခြားသောအင်အားစုများနှင့်ပူးပေါင်း ပုံဖော်သွားမည်ဟု ပညာရေးအင်အားစုများကအသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်ကျွန်ပညာရေးဆန့်ကျင်ဖို့ နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေးလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အထ.က (၁)မှာ ကျောင်းသားတွေကို ကတုံးဆံထောက်ပုံစံညှပ်ထားမှသာ ကျောင်းအပ်လက်ခံမယ်ဆိုလို့ကျောင်းသားနဲ့မိဘတွေ အခက်တွေ့နေကြပါတယ်။