Connect with us

Hi, what are you looking for?

News

မြန်မာဟာကျရှုံးနိုင်ငံမဟုတ်ဘဲ အာဏာသိမ်းမှုကသာ ကျရှုံးတာလို့ ကုလကျွမ်းကျင်သူတွေသုံးသပ်

“မြန်မာဟာ ကျရှုံးနိုင်ငံမဟုတ်ပါဘူး။ အာဏာသိမ်းမှုကသာ ကျရှုံးတာပါ။ ဒီအတွက် မြန်မာပြည်သူတွေရဲ့ စွမ်းဆောင်ရည်နဲ့ ဇွဲနပဲရှိမှုတို့ကို ကျေးဇူးတင်ရပါမယ်”လို့ ကုလကျွမ်းကျင်သူတွေက ရေးသားပါတယ်။

(ဓါတ်ပုံ - စစ်တပ်က အာဏာသိမ်းမှု​ကို ရန်ကုန်မြို့၌ ကန့်ကွက်ဆန္ဒပြ​နေ​သော ပြည်သူလူထုကို ​ဖေ​ဖော်ဝါရီ၂၂ရက်က ​တွေ့ရစဥ်)

မြန်မာနိုင်ငံဟာကျရှုံးနိုင်ငံမဟုတ်ဘဲ အကြမ်းဖက်စစ်တပ်အာဏာသိမ်းမှုကသာ ကျရှုံးတယ်လို့ ကုလ သမဂ္ဂကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဝါရှင်တန်အခြေစိုက် သြဇာကြီး The Diplomat မဂ္ဂဇင်းမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူတွေဖြစ်တဲ့ ရန်ဟီးလီ၊ ခရစ်ဆီဒိုတီနဲ့ မာဇူကီဒါရူစမန်တို့က ‘မြန်မာက ကျရှုံးနိုင်ငံမဟုတ်၊ စစ်အာဏာသိမ်းမှုက ကျရှုံးတာပါ’ ခေါင်းစဥ်နဲ့ မနေ့က ရေးသားသုံးသပ်ထားတာပါ။
အကြမ်းဖက်စစ်တပ်ဟာ အာဏာသိမ်းယူအပြီး ၆ လအတွင်း တိုင်းပြည်ကို စီမံအုပ်ချုပ်နိုင်ဖို့လုပ်ဆောင်ခဲ့ပေမယ့် သူတို့ကြိုးစားသလို ဖြစ်မလာခဲ့ဘူးလို့ သုံးသပ်ပါတယ်။

“မြန်မာဟာ ကျရှုံးနိုင်ငံမဟုတ်ပါဘူး။ အာဏာသိမ်းမှုကသာ ကျရှုံးတာပါ။ ဒီအတွက် မြန်မာပြည်သူတွေရဲ့ စွမ်းဆောင်ရည်နဲ့ ဇွဲနပဲရှိမှုတို့ကို ကျေးဇူးတင်ရပါမယ်”လို့ ကုလကျွမ်းကျင်သူတွေက ရေးသားပါတယ်။

အာဏာသိမ်းမှု ကျရှုံးဖို့အတွက် ကမ္ဘာကြီးက လုပ်နိုင်သမျှ လုပ်ဆောင်ဖို့လည်း ကုလကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ မြန်မာဟာ ကျရှုံးနိုင်ငံဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာကြီးရဲ့ ပျက်ကွက်မှုတွေကြောင့်သာ ဖြစ်လိမ့်မယ်လို့ သူတို့က သတိပေးပါတယ်။

စက်တင်ဘာမတိုင်မီမှာ ကုလသမဂ္ဂဟာ မြန်မာပြည်သူတွေကို အစစ်အမှန်ကိုယ်စားပြုနေတဲ့ လက်ရှိ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို တရားဝင်မှုပေးဖို့ ကုလကျွမ်းကျင်သူတွေက တောင်းဆိုပါတယ်။

ကုလသမဂ္ဂက စစ်တပ်ရဲ့ကိုယ်စားလှယ်ကို လက်ခံမယ်ဆိုရင် မြန်မာပြည်သူတွေအပေါ် သစ္စာဖောက်တာဖြစ်ပြီး စက်ဆုပ်ရွံရှာဖွယ်စစ်တပ်ကို အသိအမှတ်ပြုရာ ရောက်မယ်လို့ သူတို့က သတိပေးပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း NUG နဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို အားပေးထောက်ခံသင့်ပြီး လတ်တလောရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးနဲ့ တုန့်ပြန်မှုတွေလုပ်ဆောင်ဖို့ ကျန်းမာရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေပေးရမယ်လို့ သူတို့က တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။