Connect with us

Hi, what are you looking for?

သတင်း

ရဟတ်ယာဉ်အမှု မှာ အရေးပါတဲ့ သက်သေစာရွက်စာတမ်းကို တရားလို မတင်ပြနိုင်

NLD အစိုးရ လက်ထက် သဘာဝဘေးမှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်ဖို့ ရဟတ်ယာဉ်တစ်စီး ကို ကုမ္ပဏီထံက ဌားရမ်းရာမှာ စာချုပ်ပါပျံသန်းချိန်ထက် လျော့နည်းပျံသန်းခဲ့ပြီး ဌားရမ်းခပိုမိုပေးချေတယ်ဆိုကာ စစ်ကောင်စီက အမှုလုပ်ပြီး တရားစွဲထားတာပါ။

Daw Aung San Su Kyi

ရဟတ်ယာဉ်ဌားရမ်းမှုနဲ့ပတ်သက်ပြီး သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိ နဲ့စွဲဆိုထားတဲ့အမှုမှာ တရားလိုဘက်က အမှုအတွက်သက်သေစာရွက်စာတမ်း ကိုတရရားရုံးထံ မတင်ပြနိုင်ခဲ့ဘူးလို့ သိရပါတယ်။

NLD အစိုးရ လက်ထက် သဘာဝဘေးမှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်ဖို့ ရဟတ်ယာဉ်တစ်စီး ကို ကုမ္ပဏီထံက ဌားရမ်းရာမှာ စာချုပ်ပါပျံသန်းချိန်ထက် လျော့နည်းပျံသန်းခဲ့ပြီး ဌားရမ်းခပိုမိုပေးချေတယ်ဆိုကာ စစ်ကောင်စီက အမှုလုပ်ပြီး တရားစွဲထားတာပါ။

တရားလိုဟာ စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်းထားတဲ့အဂတိကော်မရှင်ကဖြစ်ပါတယ်။

ဒီနေ့ မေလ ၃၀ ရက် ရုံးချိန်းမှာ တရားလိုဘက်က အမှုအတွက်သက်သေ ဖြစ်တဲ့ရဟတ်ယာဉ်ဌားရမ်းမှုနဲ့ပတ်သက်ပြီး အစိုးရ နဲ့ ကုမ္ပဏီကြား ချုပ်ဆိုထားတဲ့ စာချုပ် ကို နိုတြီပြန်ဆိုပြီး တင်ပြဖို့ ချိန်းဆိုထားတာပါ။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ဒီနေ့ တရားခွင်မှာ အဲဒီသက်သေ စာရွက်စာတမ်းကို တင်ပြနိုင်တာမရှိတဲ့အတွက် လာမယ့် ဇွန်လ ၆ ရက်နေ့ ရုံးချိန်းကို တရားရုံးကချိန်းဆိုလိုက်တယ်လို့သိရပါတယ်။

ဒီနေ့တရားခွင်မှာ သမ္မတဦးဝင်းမြင့်ရော ၊ ဒေါ်အောင်ဆန်းစုကြည်ပါ ကျန်းမာရေးကောင်းကြတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နိုင်ငံ ကမ်းလွန်က ဟောမုဇ်ရေလက်ကြားနားမှာ အမေရိကန် စစ်တပ်ရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ပျံသန်းရင်း ဗြိတိန် တော်ဝင်ရေတပ် ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။