Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန် လက်တုံ့ပြန်

အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဓာတ်ပုံ - AP

အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဇွန်လ ၈ ရက်နေ့တုန်းက အီရန်တောင်ပိုင်းကမ်းလွန် ဟောမုဇ် ရေလက်ကြားနားမှာ ပျံသန်းနေတဲ့ အမေရိကန် ကြည်းတပ်ရဲ့ Apache ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်းနဲ့ လေယာဉ်မှူး နှစ်ဦးကို ဘေးကင်းကင်း ကယ်ဆယ် ရွှေ့ပြောင်း နိုင်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။ နောက်တော့ သူက လေယာဉ်မှူး နှစ်ဦးစလုံး ဒဏ်ရာ မရခဲ့ကြောင်းနဲ့ အမေရိကန်ဟာ အခုတိုက်ခိုက်မှုအပေါ် ကျိန်းသေပေါက် လက်တုံ့ပြန်ဖို့လိုကြောင်း လူမှုကွန်ရက် မီဒီယာ Truthမှာလည်း ရေးသားခဲ့ပါတယ်။

အမေရိကန် စစ်ရေး ကွပ်ကဲမှု ဗဟိုဌာန (CENETCOM)ရဲ့ ထုတ်ပြန်ချက်မှာတော့ ကင်းလှည့် ပျံသန်းနေတဲ့ ရဟတ်ယာဉ်ကို အီရန်က ပစ်ချခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ အီရန်ရဲ့ ရန်လိုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဇွန်လ ၉ ရက်နေ့မှာတော့ သင့်တင့်လျှောက်ပတ်တဲ့ တုံ့ပြန် စစ်ဆင်ရေးမျိုးကို ဆင်နွှဲခဲ့ကြောင်းလည်း CENTCOMက ဆိုပါတယ်။

CENTCOMရဲ့ အဆိုအရ အိုမန်ပင်လယ်ကွေ့နားမှာ ကင်းလှည့်ပျံသန်းနေတဲ့ ရဟတ်ယာဉ်ကို အီရန်ရဲ့ Shahed ဖောက်ခွဲရေး ဒရုန်းတစ်စီးက ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။ ရဟတ်ယာဉ်ဟာ အိုမန် ကမ်းလွန်ရေပြင်ဆီ ပျက်ကျခဲ့ကြောင်း၊ ၂ နာရီအတွင်းမှာတင် လေယာဉ်မှူးတွေကို ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း CENTCOMက အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထူးခြားချက် တစ်ခုက အမေရိကန် ရေတပ်ဟာ ကယ်ဆယ်ရေးအတွက် Corsair အမျိုးအစား ဒရုန်းလှေတစ်စီးကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ စစ်သမိုင်းမှာတော့ လူလိုက်ပါခြင်း မရှိဘဲ ရေပြင်မှာ ပထမဆုံးအကြိမ် ကယ်ဆယ်ရေးမစ်ရှင် လုပ်ဆောင်မှု အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။

အမေရိကန် သတင်းဌာန Axiosက CENTCOMရဲ့ လက်တုံ့ပြန်မှုဟာ အီရန်ရဲ့ လေကြောင်းကာကွယ်ရေး စခန်းတွေနဲ့ ရေဒါတွေကို အဓိက ပစ်မှတ်ထား ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ဖော်ပြသွားပါတယ်။ အီရန် အစိုးရ မီဒီယာကတော့ ဘန်ဒါ အဘက်စ်၊ ကက်ရှမ်၊ ဆီရစ်ခ် မြို့တွေအပါအဝင် ပါရှန်း ပင်လယ်ကွေ့ တဝိုက်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ကြားနေခဲ့ရတယ်လို့ ကြေညာခဲ့ပါတယ်။

ABC သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ထရမ့်က အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ အီရန်ဖက်က ရန်စလို့ တုံ့ပြန်ရတာသာ ဖြစ်တယ်လို့ အပြစ်ဖို့သွားပါတယ်။ လွန်ခဲ့တဲ့ တစ်ညက အမေရိကန် ရဟတ်ယာဉ်အပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အတွက် အီရန်က အကျိုးခံစားရတာသာ ဖြစ်ကြောင်း၊ ဒီအတွက် ပြင်းပြင်းထန်ထန် အားကောင်းကောင်းနဲ့ တုံ့ပြန်သင့်တယ်လို့ သူယုံကြည်ပြီး လက်တွေ့လည်း လုပ်ဆောင်စေခဲ့ကြောင်း ထရမ့်က ပြောပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အီရန်ဟာ ရန်စတိုက်ခိုက်မှုတိုင်းကို ကျေအေးခွင့်လွှတ်ပေးရိုး ထုံးစံမရှိဘူးလို့ ခြိမ်းခြောက်ခဲ့ပါတယ်။ စစ်မြေပြင်မှာ အရှုံးတွေ ကြုံနေခဲ့တာတောင်မှ အမေရိကန်ဟာ အမှတ်မရှိဘဲ အီရန်ကို ခဏခဏ အကဲစမ်းနေကြောင်း၊ အမေရိကန် အနေနဲ့ ဘေးကင်းကင်း နေချင်ရင် အီရန်တဝိုက်ကို လက်ရှောင်နေသင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

အခုလို အခြေအနေတွေ ဖြစ်နေပေမယ့်လည်း အီရန်နဲ့ အမေရိကန်တို့ဟာ ဧပြီ ၈ ရက်နေ့ ကတည်းက ရယူထားတဲ့ အပစ်ရပ် သဘောတူညီမှုကိုတော့ ဆက်လက် ထိန်းသိမ်းထားဆဲလို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ဖို့ အီရန်နဲ့ အမေရိကန်ကြား သဘောတူညီမှု ရရှိသွားပြီလို့ နှစ်ဖက်စလုံးက အသီးသီး ကြေညာခဲ့ပါတယ်။