Connect with us

Hi, what are you looking for?

သတင်း

ဘုံရန်သူစစ်အုပ်စုကို အတူတကွလက်တွဲတွန်းလှန်ရမည့် သဘောထားထပ်တူညီကြောင်း KNDFထံ NUG ကာကွယ်ရေးဝန်ကြီး သဝဏ်လွှာပို့

KNDF စတင်ထူထောင်ချိန်မှ ယနေ့အထိ တော်လှန်ရေးကာလတစ်လျှောက်လုံး၌ ပါဝင်ခဲ့ကြသည့် ၊ အသက်ပေးလှူခဲ့ကြသည့် စစ်သူများ ပြည်သူများ ပါဝင်ကူညီခဲ့သူများနှင့် အဖွဲ့အစည်းအားလုံးကို လေးစား အရိုသေပြုအပ်သကဲ့သို့ ထာ၀ရ မှတ်ကျောက်တင်ကြောင်း သဝဏ်လွှာပေးပို့သည်။

KNDF
KNDF

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့စည်းတည်ထောင်ခြင်း (၁)နှစ်ပြည့်သို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ရာ ဘုံရန်သူ စစ်အုပ်စုကို အတူ လက်တွဲတွန်းလှန်ရမည့် အချိန်ရောက်ပြီဟု ဖော်ပြခဲ့သည်။

KNDF
KNDF

မေလ ၃၁ရက်တွင် ကျရောက်သည့် KDNF ဖွဲ့စည်းမှု (၁)နှစ်ပြည့် သဝဏ်လွှာတွင် အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

လက်ရှိအချိန်သည် ဘုံရန်သူဖြစ်သော အကြမ်းဖက်စစ်အုပ်စုကို ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး အတူတကွ လက်တွဲတွန်းလှန်ပြီး ပြည်နယ်အလိုက် တိုင်းရင်းသားလူမျိုးစုများအားလုံးအနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပေါ် သေချာစွာအာမခံချက်ရရှိစေနိုင်မည့် စစ်မှန်သောအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ ဦးတည် လျှောက်လှမ်းရန် အချိန်အခါကောင်းဖြစ်သည်ဟု KNDF ဥက္ကဋ္ဌ ခွန်းဘီထူး၏ တစ်နှစ်ပြည့် မိန့်ခွန်း၌ ပြောကြားချက်သည် ကာကွယ်ရေးဝန်ကြီးဌာန၏ သဘောထား ထပ်တူညီကြောင်း ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ အတည်ပြုပြဌာန်းသည့်ဖက်ဒရယ်ပဋိညာဥ်အရ အနာဂတ်တွင် ကိုယ်ပိုင်ပြဌာန်းခွင့်အား သေချာစွာအာမခံချက်ရှိစေမည့် ကရင်နီပြည်နယ် အဖြစ်ပြန်လည်စုစည်းတည်ထောင်ရေးနှင့် တော်လှန်ရေး အောင်မြင်ပြီးအလွန်ကာလတွင် အနာဂတ်နိုင်ငံတော်သစ်အား ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် အဖြစ်တည်ထောင်သွားနိုင်ရေး အတွက် မျှော်မှန်းထားရှိကြောင်း KNDF ဥက္ကဋ္ဌ ခွန်းဘီထူးနှင့် KNDF၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးအပါအ၀င် ကရင်နီတိုင်းရင်းသား ခေါင်းဆောင်များ၏သဘောထားကိုလည်း ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

KNDF
KNDF

KNDF စတင်ထူထောင်ချိန်မှ ယနေ့အထိ တော်လှန်ရေးကာလတစ်လျှောက်လုံး၌ ပါဝင်ခဲ့ကြသည့် ၊ အသက်ပေးလှူခဲ့ကြသည့် စစ်သူများ ပြည်သူများ ပါဝင်ကူညီခဲ့သူများနှင့် အဖွဲ့အစည်းအားလုံးကို လေးစား အရိုသေပြုအပ်သကဲ့သို့ ထာ၀ရ မှတ်ကျောက်တင်ကြောင်း သဝဏ်လွှာပေးပို့သည်။

KNDF အနေဖြင့် အခြားပြည်ထောင်စုဖွားတိုင်းရင်းသား ညီအကိုမောင်နှမများ အသီးသီးပါ၀င် ဆောင်ရွက်နေသည့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးကိုလိုလားသည့် အမျိုးသားညီညွတ်ရေး အစိုးရအပါအ၀င် မဟာမိတ်အဖွဲ့အစည်းတိုင်းနှင့်အတူတကွ တွဲလက်ညီညာ အတူမကွဲမကွာဖြင့် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းသည်ဟုလည်း သဝဏ်လွှာပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ