Connect with us

Hi, what are you looking for?

ဗီဒီယို

အမေရိကန်က ဆေးရုံတစ်ခုမှာ သေနတ်သမားတစ်ဦး ဝင်ပစ်လို့ လူ ၄ ဦး အသက်ဆုံးရှုံး

ရဲတွေက တိုင်ကြားမှု ရရချင်း ၃ မိနစ်အတွင်း ဆေးရုံကို ရောက်အောင် သွားနိုင်ခဲ့တာကြောင့် အသေအပျောက်က ဒီထက် ပိုမများခဲ့တာလို့ ပြောပါတယ်။ ရဲတွေ ဆေးရုံကို ရောက်ရောက်ချင်း သေနတ်သမားဟာ အဆောက်အအုံ ဒုတိယထပ်ကနေ ဆီးကြို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်က ဆေးရုံတစ်ရုံမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၄ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

အိုကလာဟိုးမားပြည်နယ်က တူလ်ဆာမြို့မှာ ဇွန်လ ၁ ရက်က ဖြစ်ပွားတဲ့ ပစ်ခတ်မှုမှာ နောက်ထပ် ဒဏ်ရာရသူ တော်တော်များများလည်း ရှိခဲ့ကြောင်း ရဲတွေက အတည်ပြုပါတယ်။ သေနတ်သမားဟာ ရိုင်ဖယ်တစ်လက်နဲ့ ပစ္စတိုတစ်လက်ကို ယူဆောင်လာပြီး စိန့် ဖရန်ဆစ် ဆေးရုံထဲမှာ ပစ်ခတ်ခဲ့တာလို့ မျက်မြင်တွေ့ ပြောပါတယ်။

ရဲတွေက တိုင်ကြားမှု ရရချင်း ၃ မိနစ်အတွင်း ဆေးရုံကို ရောက်အောင် သွားနိုင်ခဲ့တာကြောင့် အသေအပျောက်က ဒီထက် ပိုမများခဲ့တာလို့ ပြောပါတယ်။ ရဲတွေ ဆေးရုံကို ရောက်ရောက်ချင်း သေနတ်သမားဟာ အဆောက်အအုံ ဒုတိယထပ်ကနေ ဆီးကြို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ သေနတ်သမားဟာ ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ခဲ့တာလို့ ယုံကြည်ရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ရဲတွေက တွေ့ရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ကြံရာပါတွေ ရှိမရှိ ဆိုတာနဲ့ ကျူးလွန်ရတဲ့ နောက်ခံ အကြောင်းရင်းတွေကိုတော့ ဆက်လက် စုံစမ်းနေဆဲပါ။ သေနတ်သမားရဲ့ နာမည်ကိုလည်း ရဲတပ်ဖွဲ့က မထုတ်ပြန်သေးပါဘူး။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့လက အမေရိကန်က စျေးဝယ်စင်တာ တစ်ခုနဲ့ မူလတန်းကျောင်း တစ်ကျောင်းတို့မှာ သီးခြား ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး လူပေါင်း ၃၁ ဦး သေဆုံးခဲ့ပါသေးတယ်။ အခုလို ပစ်ခတ်မှုတွေ ဆက်တိုက် ပေါ်ပေါက်နေခြင်းကြောင့် အမေရိကန်မှာ လက်နက် ကိုင်ဆောင်ခွင့်ဆိုင်ရာ ဥပဒေတွေကို ပိုမိုတင်းကျပ်ဖို့ တောင်းဆိုမှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။