Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ကကိုး​တောင်ဘို့​ကျေးရွာအုပ်စုကို ​လေ​ကြောင်းမှတိုက်ခိုက်​နေ

“ဂျက်ဖိုက်တာနှစ်စီးနဲ့လာပစ်တာ။ဗုံးတွေလည်းချသွားတယ်။ အရပ်သားတွေ ဦးတည်ရာပြေးနေရတယ်” ဟု ဇွန် ၃ ရက်ညနေ လေးနာရီခန့်အခြေအနေကို ဒေသခံတစ်ဦးက People’s Spring ထံ ဆက်သွယ်ပြောကြားသည်။

ကိုးတောင်ဘို့ရွာ
ကိုးတောင်ဘို့ရွာ

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာကို ယနေ့ နေ့လည် တစ်နာရီမှစ၍စစ်ကောင်စီကလေကြောင်းမှအဆက်မပြတ်လာ​ရောက်တိုက်ခိုက်နေပြီး ယမန်နေ့ညကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့​ကြောင်း ဒေသခံများက ပြောသည်။

“ဂျက်ဖိုက်တာနှစ်စီးနဲ့လာပစ်တာ။ဗုံးတွေလည်းချသွားတယ်။ အရပ်သားတွေ ဦးတည်ရာပြေးနေရတယ်” ဟု ဇွန် ၃ ရက်ညနေ လေးနာရီခန့်အခြေအနေကို ဒေသခံတစ်ဦးက People’s Spring ထံ ဆက်သွယ်ပြောကြားသည်။

Public Service Announcement

ထို​ဒေသတွင်တိုက်ပွဲဖြစ်ပွားပြီး​နောက်ကျေးရွာငါးရွာပါဝင်သည့်ကိုးတောင်ဘို့တိုက်နယ်မှကိုးတောင်ဘို့ရွာ၊ပိတောက်ခုံနှင့်ကွက်သစ် ရွာတို့အားစစ်ကောင်စီတပ်ကလေကြောင်းမှ တိုက်ခိုက်​နေခြင်းဖြစ်သည်။ယခုသတင်းရေးသားချိန်ညနေလေးနာရီတွင်လက်နက်ကြီးပစ်ခတ်သံများကို ဖုန်းထဲမှတစ်ဆင့် ကြားနေရသည်။

“လက်နက်ကြီးနဲ့လည်း ပစ်နေတယ်။ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပစ်ပြီးပြီးချင်းရဟတ်ယာဥ်နှစ်စီးနဲ့အင်အားတိုးချသွားတယ်။အခုရွာထဲကိုစဝင်နေပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် ယမန်နေ့(ဇွန် ၂ရက်) ညနေက ကွက်သစ်ရွာတွင်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကွက်သစ်ရွာမှ သားအဖသုံးဦး သေဆုံးခဲ့​သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook