Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်ကကိုး​တောင်ဘို့​ကျေးရွာအုပ်စုကို ​လေ​ကြောင်းမှတိုက်ခိုက်​နေ

“ဂျက်ဖိုက်တာနှစ်စီးနဲ့လာပစ်တာ။ဗုံးတွေလည်းချသွားတယ်။ အရပ်သားတွေ ဦးတည်ရာပြေးနေရတယ်” ဟု ဇွန် ၃ ရက်ညနေ လေးနာရီခန့်အခြေအနေကို ဒေသခံတစ်ဦးက People’s Spring ထံ ဆက်သွယ်ပြောကြားသည်။

ကိုးတောင်ဘို့ရွာ
ကိုးတောင်ဘို့ရွာ

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာကို ယနေ့ နေ့လည် တစ်နာရီမှစ၍စစ်ကောင်စီကလေကြောင်းမှအဆက်မပြတ်လာ​ရောက်တိုက်ခိုက်နေပြီး ယမန်နေ့ညကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့​ကြောင်း ဒေသခံများက ပြောသည်။

“ဂျက်ဖိုက်တာနှစ်စီးနဲ့လာပစ်တာ။ဗုံးတွေလည်းချသွားတယ်။ အရပ်သားတွေ ဦးတည်ရာပြေးနေရတယ်” ဟု ဇွန် ၃ ရက်ညနေ လေးနာရီခန့်အခြေအနေကို ဒေသခံတစ်ဦးက People’s Spring ထံ ဆက်သွယ်ပြောကြားသည်။

Public Service Announcement

ထို​ဒေသတွင်တိုက်ပွဲဖြစ်ပွားပြီး​နောက်ကျေးရွာငါးရွာပါဝင်သည့်ကိုးတောင်ဘို့တိုက်နယ်မှကိုးတောင်ဘို့ရွာ၊ပိတောက်ခုံနှင့်ကွက်သစ် ရွာတို့အားစစ်ကောင်စီတပ်ကလေကြောင်းမှ တိုက်ခိုက်​နေခြင်းဖြစ်သည်။ယခုသတင်းရေးသားချိန်ညနေလေးနာရီတွင်လက်နက်ကြီးပစ်ခတ်သံများကို ဖုန်းထဲမှတစ်ဆင့် ကြားနေရသည်။

“လက်နက်ကြီးနဲ့လည်း ပစ်နေတယ်။ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပစ်ပြီးပြီးချင်းရဟတ်ယာဥ်နှစ်စီးနဲ့အင်အားတိုးချသွားတယ်။အခုရွာထဲကိုစဝင်နေပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် ယမန်နေ့(ဇွန် ၂ရက်) ညနေက ကွက်သစ်ရွာတွင်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကွက်သစ်ရွာမှ သားအဖသုံးဦး သေဆုံးခဲ့​သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။